ဧရာဝတီတိုင်းမ်
မေလ ၂၉ ရက်
ဧရာဝတီတိုင်း၊ ငပုတောမြိို့နယ်၊ ဟိုင်းကြီးမြို့မှာ မေလ ၂၆ ရက်နေ့က PDF စခန်းစီးနင်းခံရပြီး တပ်ဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
စခန်းကိုဝင်ရောက်စီးနင်းချိန်မှာ ပစ်ခတ်မှု ဖြစ် မဖြစ်ဆိုတာ မသိရပေမယ့် ဖမ်းဆီးခံရတာတော့ ၁ ဦးဖြစ်တယ်ဆိုတာ အတည်ပြုလို့ရတယ်လို့ ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
” ဝင်အစီးခံရတာဟုတ်တယ်၊ ပစ်ခတ်မှုတော့ မသိရဘူး၊ ဖမ်းဆီးခံရသူ ၁ ဦးရှိတယ်၊ ကျဆုံးသူတော့ မရှိဘူး”လို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
PDF စခန်းဝင်ရောက်စီးနင်းခံရပြီးနောက်တစ်ရက်မှာ ဒေသခံ ၁၀ ဦးလောက်ကို စစ်ကောင်စီတပ်ဘက်က စွပ်စွဲဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ PDF တပ်ဖွဲ့ဝင်ကိုတော့ ဟိုင်းကြီးရဲစခန်းမှာ စစ်ဆေးတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။