ဧရာဝတီတိုင်းမ်
မေလ ၂၉ ရက်
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများဖြစ်ပွားနေပြီး တနီးလာလဲရွာ အနီးတွင် ဒဏ်ရာရကာ ကျန်နေသည့် စစ်ကောင်စီတပ်သား စစ်သုံ့ပန်း တစ်ဦးကို Free Burma Ranger-FBR ( ကရင်နီ) အဖွဲ့က ဆေးကုသပေးခဲ့ကြောင်း သိရသည်။
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုရှေ့ဘက်ခြမ်းတိုက်ပွဲများတွင် ဒဏ်ရာရကာ ကျန်နေသော စစ်ကောင်စီ တပ်သားကို Free Burma Ranger ဆေးတပ်ဖွဲ့က ဂရုတစိုက်ဖြင့် ဆေးဝါး ကုသပေး ခဲ့ကြောင်း မေလ ၂၇ ရက်နေ့ ရက်စွဲဖြင့် FBRက ထုတ်ပြန်သည်။
Free Burma Ranger အဖွဲ့သည် စစ်ပွဲဖြစ်ပွားရာဒေသအတွင်းရှိ ဒေသခံပြည်သူများကို ကယ်ဆယ်ပေးခြင်း၊ ဆေးကုသမှုပေးခြင်းအပါအဝင် လူသားချင်း စာနာထောက်မှု ဆိုင်ရာအကူအညီများပေးနေသည့်အဖွဲ့ဖြစ်သည်။
ထို့အပြင် ပြည်တွင်း လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့်ပူးပေါင်းပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များကို စစ်ရေးလေ့ကျင့်ပေးခြင်း၊ အထောက်အကူရိက္ခာများထောက်ပံ့ခြင်းအပါအဝင် အခြေခံ ဆေးဝါးကုသပေးမှုများ လုပ်ဆောင် ပေးလျှက်ရှိသည်။
Free Burma Rangers(ကရင်နီ)အနေဖြင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းအား လူသားချင်းစာနာသည့်အနေနဖြင့် ဆေးကုသမှုများ ပြုလုပ်ပေးခဲ့သော်လည်း စစ်ကောင်စီက မေလ ၂၇ ရက်နေ့တွင် လေကြောင်းမှတိုက်ခိုက်ခဲ့သည့်အတွက် ကရင်နီဆေးတပ်သား ရဲဘော် လေး ဦး သေဆုံးခဲ့ရသည်။
ဓာတ်ပုံ – Free Burma Ranger
#ကရင်နီပြည်နယ် #ဒီးမော့ဆို #စစ်ကောင်စီတပ်သားစစ်သုံ့ပန်း #FreeBurmaRanger #ဆေးကုပေး #Ayeyarwaddy_Times