ဧရာဝတီတိုင်းမ်
မေလ ၂၉ ရက်

ကိယက်ဗ်မြို့တော်တည်ထောင်မှု နှစ်ပတ်လည်နေ့အခမ်းအနား
ကျင်းပဖို့ပြင်ဆင်နေတဲ့ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်ကို ရုရှားတပ်ဖွဲ့တွေက အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ လူတစ်ဉီးထက်မနည်း သေဆုံးခဲ့တယ် လို့ သိရပါတယ်။

ရုရှားနိုင်ငံဟာ စနေနေ့ညပိုင်းက ကိယက်ဗ်မြို့တော်ကို အီရန်နိုင်ငံလုပ် ရှာဟတ်ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ တယ်လို့ ယူကရိန်းစစ်တပ်မှ အကြီးတန်းအရာရှိ ဆာဟီးပေါကိုက ပြောပါတယ်။

တိုက်ခိုက်မှုဟာ ၅ နာရီကျော် ကြာမြင့်ခဲ့ပြီး ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်း အစင်း ၄၀ ကျော်ကို ပစ်ချနိုင်ခဲ့ပါတယ်။

ရုရှားတို့ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် အသက် ၄၁ နှစ်အရွယ် အမျိုးသားတစ်ဉီး သေဆုံးခဲ့ပြီး ၇ ထပ်အ ဆောက်အအုံပေါ် အပျက်အစီးတွေကျရောက်ကာ မီးလောင်ခဲ့တာကြောင့် အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ် ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ကိယက်ဗ်မြို့တော်ဝန် ဗီတာလီကလစ်ရှ်ကိုက ပြောပါတယ်။

စနေနေ့ညပိုင်းက ယူကရိန်းနိုင်ငံတစ်ဝှမ်း ရှာဟတ်ဒရုန်းတွေနဲ့တိုက်ခိုက်တာ စံချိန်တင်ခဲ့တယ်လို့ ယူက ရိန်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

ရုရှားနိုင်ငံက ဒရုန်း ၅၄ စင်းနဲ့တိုက်ခိုက်ခဲ့ရာ ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ဒရုန်း ၅၂ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ကိယက်ဗ်မြို့တော် တည်ထောင်တဲ့နေ့ကို ပုံမှန်အားဖြင့် ကပွဲတွေ၊ ပြပွဲတွေ၊ မီးရှူးမီးပန်းတွေနဲ့ ကျင်းပ လေ့ရှိပေမယ့် ၁၅၄၁ ကြိမ်မြောက် ဒီနှစ်အခမ်းအနားကိုတော့ ခမ်းနားစွာ မကျင်းပဖို့ စီစဉ်ထားပါတယ်။

၂၀၂၂ ခုနှစ် ရုရှားကျူးကျော်စစ် စတင်ပြီးနောက်ပိုင်း ရုရှားနယ်စပ်ဒေသတွေမှာ ဒရုန်းနဲ့တိုက်ခိုက်တာ ပုံမှန်ဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့ပြီး ပြီးခဲ့တဲ့လအတွင်း ဒရုန်းနဲ့တိုက်ခိုက်မှု တိုးလာခဲ့ပါတယ်။

အနောက်နိုင်ငံတွေက လက်နက်ထောက်ပံ့ပေးထားတဲ့ ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ ဟာ ရုရှားရဲ့ ဒုံးကျည်၊ ဒရုန်းနဲ့တိုက်ခိုက်မှုတွေကို ဟန့်တားနိုင်ခဲ့ပါတယ်။

ကိုးကား – Army Times
Ref; Russia launched ‘largest drone attack’ on Ukrainian capital

#Ayeyarwaddy_Times