ဧရာဝတီတိုင်းမ်
မေလ ၂၈ ရက်
ထိုင်းအစိုးရသစ်ဟာ ငြိမ်းချမ်းရေးရရှိဖို့ တိုင်းပြည်တောင်ပိုင်းရှိ သောင်းကျန်းသူတွေတဲ့ ထိတွေ့ဆက်ဆံ မှု ဆက်လက်ပြုလုပ်ရမယ်လို့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာပါဝင်တဲ့ ထိပ်တန်း တာဝန်ရှိသူတစ်ဉီးက ပြောကြား လိုက်ပါတယ်။
ဆယ်စုနှစ်ချီ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မလေးနွယ်ဖွား မူဆလင်အများစုနေထိုင်ရာ ထိုင်းနိုင်ငံတောင်ပိုင်း မှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ဉီးစားပေးမယ်လို့ ပြီးခဲ့တဲ့လအထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ Move Forward ပါတီ ဉီးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နှစ်နှစ်ကြာ ဆိုင်းငံ့ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်အတွင်း ပြန်လည်စတင်ခဲ့တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို အစိုးရသစ်က ဆက်လက်ပြုလုပ်ရမယ်လို့ ထိုင်းနိုင်ငံ ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့ ရဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး ဝမ်လော့ပ်ရတ်ဆာနိုက ပြောပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဆက်လက်ပြုလုပ်ရမှာဖြစ်ပါတယ်။ အစိုးရသစ်တစ်ရပ် ဖွဲ့ စည်းပြီးချိန်အထိ ကျွန်တော်တို့ သက်ဆိုင်သူအားလုံးနဲ့ လက်တွဲဆောင်ရွက်မှာဖြစ်ပါတယ် လို့ သူက ဆိုပါတယ်။
၂၀၀၄ ခုနှစ်မှာ ပဋိပက္ခအရှိန်ပြင်းထန်ဆုံးဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်း လူပေါင်း ၇၃၀၀ ကျော် သေဆုံးခဲ့ တယ်လို့ အကြမ်းဖက်မှုစောင့်ကြည့်တဲ့ Deep South Watch အဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
သူ့ရဲ့ဉီးဆောင်မှုအောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စစ်တပ်ကမဟုတ်ဘဲ အရပ်သားတွေက ဉီး ဆောင်ပြီး ဆွေးနွေးကာ လူ့အခွင့်အရေး၊ ယဉ်ကျေးမှုပေါင်းစုံမှာ အတူယှဉ်တွဲနေထိုင်ရေးနဲ့ ပြည်သူတွေ ပိုမိုပါဝင် ရေးကို ထည့်သွင်းစဉ်းစားမယ်လို့ Move Forward ပါတီခေါင်းဆောင် ပီတာလင်းဂျာရိုရတ်က ပြောကြားခဲ့ပါ တယ်။
Move Forward ပါတီက ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပူး ပေါင်းပါဝင်မှု ပိုမိုရရှိဖို့ ကြိုးပမ်းမယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ကိုးကား- Reuters
Ref; New Thai government must continue peace talks with insurgents, Thai official says