ဧရာဝတီတိုင်းမ်
မေလ ၂၈ ရက်
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဝါးချက်ကျေးရွာ၊ ရှင်ဖြူရှင်လှဘုရားရေဆိပ်မှာ မေလ ၂၈ ရက်နေ့(ယနေ့)နေ့လည်ပိုင်းက အမျိုးသား ၂ ဦးရေနစ်သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
နေ့လည် ၁ နာရီခွဲအချိန်လောက်မှာ ရှင်ဖြူရှင်လှဘုရားရေဆိပ်မှာ ရေဆင်းချိုးရင် ရေနစ်လို့ ပျောက်ဆုံးသူတွေကို ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ခဲ့ချိန်မှာ သေဆုံးလျက်ပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။
အမျိုးသား ၂ ဦးရေနစ်ပျောက်ဆုံးကြောင်း သတင်းရတာနဲ့ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ထုံးဘိုအရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ SERT အရေးပေါ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များ၊ မင်းလမ်းလူငယ်လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပေမယ့် ၂ နာရီ ၁၀ မိနစ်မှာ သေဆုံးတဲ့အလောင်းတွေသာ ပြန်တွေ့ခဲ့တယ်လို့ သတင်းဖော်ပြထားပါတယ်။
ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသား(၂)ဦးရဲ့ ရုပ်အလောင်းအား ဆယ်ယူနိုင်ခဲ့ပြီး ထုံးဘိုအရန်မီးသတ်တပ်ဖွဲ့ရဲ့ လူနာတင်ကားနဲ့ စစ်ကိုင်းမြို့ကုတင်(၂၀၀) ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
#စစ်ကိုင်းမြို့ #ရေနစ် #အမျိုးသားနှစ်ဦး #သေဆုံး
#Ayeyarwaddy_Times