ဧရာဝတီတိုင်းမ်
မေလ ၂၈ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ မြို့နယ်လ၀က ဦးစီးမှူးရုံးမှာ မှတ်ပုံတင်လာလုပ်တဲ့ ဒေသခံတွေကို တစ်နေ့ထဲအပြီးလိုချင်ရင် ငွေ ၅၀၀၀၀ ပေးရမယ်ဆိုပြီး တောင်းယူတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

၀န်ထမ်းအချို့က နိုင်ငံသားစိစစ်ရေး ကတ်ပြား (မှတ်ပုံတင်) အသစ်ပြုလုပ်ရာမှာ နေခြင်းပြီး ရရှိလိုပါက အမြန်ကြေးအနေနဲ့ ငွေ ၅ သောင်းတောင်းယူပြီး ဝန်ထမ်းတွေနဲ့ ပွဲစားတွေပေါင်းပြီး စီးပွားရှာနေတာလို့ ဒေသခံတွေကပြောပါတယ်။

“ အလုပ်လျှောက်ခြင်လို့မှတ်ပုံတင်လုပ်ဖို့ လ၀ကရုံးကိုသွားတယ်။ အဲဒါကို လ၀ကရုံး စာရေးက နေ့ချင်း ရချင်လား ငွေငါးသောင်း ပေးရမယ်လို့ ‌တောင်းတယ်။ ငွေပေးရင် တစ်နေ့မကုန်ဘူးရတယ်။နိုင်ငံသားဖြစ်ပြီးမှတ်ပုံတင် တစ်ခုရဖို့ငွေပေးရတာတော်တော်လေးကိုဆိုးတာပါ။စီးပွားရေးကကြပ်တည်းနေ တဲ့ အချိန်မှာ ငွေပေးခဲ့ရတော့ အခက်အခဲအကြပ်အတည်း ဖြစ်ရပါတယ်”ဟု ​ပုသိမ်မြို့ နယ်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရုံးတွင် နိုင်ငံသားစိစစ် ရေးကဒ်ပြုလုပ်ခဲ့သူ တစ်ဦးက ဧရာ၀တီတိုင်မ်းကို ပြောပါတယ်။

ပုသိမ်မြို့မှာ အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင် ပြုလုပ်ရာတွင် ငွေမပေးနိုင်သူများအတွက်အခက်ခဲရှိနေပြီး အချက်အလက်အစုံအလင်နဲ့ သွားရောက်လျှောက်ထားရာမှာ မှတ်ပုံတင်ရရှိဖို့ ၂ လ အထိကြာမြင့်မှုတွေရှိနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပုသိမ်လ၀ကရုံးမှာ နေ့စား၀န်ထမ်းများခန့်အပ်ထားပြီး ငွေတောင်းယူမှုများနဲ့ပတ်သတ်ပြီး အရေးယူမှုများမရှိပဲ ရုံးအတွင်းသို့ ၀င်ရောက်ပြီး မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ပြုလုပ်သူများ ကိုငွေတောင်းယူမှုများကို မှတ်တမ်းယူမှာစိုးတာကြောင့် လက်ကိုင်ဖုန်းများ ယူဆောင်ခွင့်မပေးဘူးလို့သိရပါတယ်။

#ပုသိမ်မြို့နယ် #လ၀ကရုံးမှာ #မှတ်ပုံတင် #တစ်ရက်ထဲ #အပြီးရရှိဖို့ငွေ #၅၀၀၀၀ထိတောင်းယူနေ

#Ayeyarwaddy_Times