ဧရာဝတီတိုင်းမ်
မေလ ၂၆ ရက်
အမျိုးသားရေးလှုပ်ရှားသူ တင့်လွင်ဆိုသူကို ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း တွင် သေနတ်သမားများက ပစ်ခတ်သဖြင့် သေ ဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ တင့်လွင်ဆိုသူသည် ယမန်နေ့ မေ ၂၆ ရက်နေ့ နံနက် ၁၁ နာရီ၀န်းကျင်ခန့်တွင် မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ ထမင်း ကြော်ထိုင်စားနေစဉ် ဦးခေါင်းကို သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးချိန်တွင် အသက် ၆၀ ရှိပြီဖြစ် ကြောင်း သိရသည်။
“သူကအမျိုးသားရေးလှုပ်ရှားသူအဖြစ် လူသိလည်း များတယ်။ နာမည်ထွက်နေတဲ့လူပေါ့။ မဘသနဲ့ အမျိုးသားရေးအဖွဲ့ထဲမှာ အတော်အရေးပါတဲ့လူလို့ ပြောလို့ရတယ်။ ပထမတစ်ခါပစ်ခံရသေးတယ်။ ခုတစ်ခါထပ်ပစ်ခံရမှ သေတာ။ နေပြည်တော်မှာ သွား ပုန်းနေတာလို့ကြားတယ်”ဟု ရပ်ကွက်တွင်း နေထိုင်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇူလိုင် ၁ ရက်နေ့ကလည်း ၎င်းနေထိုင်ရာ မြောက်ဥက္ကလာပမြို့နယ်ရှိ လက်ဖက် ရည်ဆိုင်ထိုင်နေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရသော်လည်း ထိခိုက်ဒဏ်ရာများသာရရှိပြီး လွတ် မြောက်သွားကြောင်းနှင့် ပစ်ခတ်ခံရပြီးနောက် နေ ပြည်တော်တွင် သွားရောက်ပုန်းအောင်းနေထိုင်ပြီး ယခုအခါတွင် ဇနီးဖြစ်သူအားလာရောက်တွေ့စဉ် ပစ် ခတ်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အစွန်းရောက် အမျိုးသားရေးလှုပ်ရှားသူတင့်လွင် သေဆုံးပြီးနောက် စစ်တပ်ထောက်ခံသူများ၊ ကြံ့ခိုင်ရေးပါတီထောက်ခံသူများ၊ မဘသအဖွဲ့၀င်များနှင့် အမျိုးသားရေးလှုပ်ရှားသူများမှ ၎င်းတို့ကို ပြည်သူ့ စစ်အဖွဲ့အဖြစ် ဖွဲ့စည်းပေးရန် စစ်ကောင်စီထံတောင်းဆိုမှုများပြုလုပ်သွားမည်ဟု အဖွဲ့၀င်များထံမှတစ် ဆင့် သိရသည်။
“ကယ်မယ့် ကူမယ့်သူမရှိတော့တဲ့ဘ၀မှာ အမျိုးသားရေးသမားတွေရဲ့ အအခြေအနေက မတွေးရဲစရာဘဲ။ အမျိုးသားရေးသမားတွေကို လက်နက်တပ်ဆင်ပေးပြီး ပြည်သူ့စစ်ပုံစံဖွဲ့ဖို့ကောင်းတယ်။ အနီလက်ထက် မှာ ခေါင်းမော့ရင်ကော့တက်ကြွခဲ့ကြသူတွေဟာ အဘခေတ်လည်းရောက်ရော အသက်ဖက်နဲ့ထုပ်ပြေးလွှားပုန်းရှောင် အသတ်ခံကြရနဲ့ အားကိုးရကျိူး၊ ထောက်ခံရကျိုးနပ်လိုက်တာ”ဟုဆိုကာ စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံသူအချို့က ၄င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားထားကြသည်။
ပစ်ခတ်ခံရပြီးသေဆုံးခဲ့သည့် တင့်လွင်ဆိုသူသည် စစ်တပ်အမာခံ၊ ဘာသာရေးနှင့်အမျိုးသားရေး MNO ဥက္ကဋ္ဌဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ၎င်းမှ၍ဦးဆောင်ကာ အမျိုး သားရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သူဖြစ်သည်။
ယင်းအဖွဲ့ကိုဖွဲ့စည်းပြီးနောက် ဘာသာရေး၊ လူမျိုးရေး အဓိကရုန်းများဖြစ်ပွားစေရန် လှုံ့ဆော်ခြင်း၊ လူမိုက် များကိုနေ့စားခပေး၍ ဆန္ဒပြပွဲများကို ဦးဆောင်ပြု လုပ်ခဲ့သူဖြစ်သည်။
#အမျိုးသားရေး#လှုပ်ရှားသူ#မဘသ#ပစ်ခတ်ခံရ
#Ayeyarwaddy_Times