ဧရာဝတီတိုင်းမ်
မေလ ၂၇ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မေလ ၂၄ ရက်နေ့က ဧရာဝတီတိုင်းရဲတပ်ဖွဲ့ရုံးက ရဲဒုတပ်ကြပ် တစ်ဦး အရက်သောက်များပြီးသေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

အမှတ် ၃ ရပ်ကွက် ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးဝန်းထဲမှာ နေထိုင်တဲ့ ရဲဒုတပ်ကြပ် တောက်ထွန်း ဆိုသူဟာ အရက်အလွန်အကျွံသောက်သုံးပြီး သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“ သူက အရက်အလွန်အကျွံသောက်ထားတဲ့ ဒဏ်တွေခံရတာ မသေခင်ထိ သောက်တုန်း၊ သူက မော်တော်ယာဉ်ဌာနမှာတာဝန်ကျတာ အရက််ကြောင့်သေတာ”လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောပါတယ်။

ရဲဒုတပ်ကြပ် တောက်ထွန်းရဲ့ အလောင်းကို မေလ ၂၇ ရက်နေ့မှာ ပုသိမ်မြို့က သရောင်းချောင်း သုဿာန်မှာ ပြုလုပ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အနည်းငယ်သာလိုက်ပါပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ အရက်သောက်များလို့ ဘေးထွက်ဆိုးကျိုးကြောင့် လစဉ် တိုင်းရဲတပ်ဖွဲ့မှာရှိတဲ့ ရဲ ၁ ဦး သေဆုံးနေတယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
ဓာတ်ပုံ-သေဆုံးသည့် ရဲဒုတပ်ကြပ် တောက်ထွန်း
#ပုသိမ်မြို့ #ဧရာဝတီတိုင်းရဲတပ်ဖွဲ့က #ရဲတပ်ဖွဲ့ဝင်တစ်ဦး #အရက်သောက်များပြီးသေဆုံး
#Ayeyarwaddy_Times