ဧရာဝတီတိုင်းမ်
မေလ ၂၇ ရက်

ဆိုက်ကလုံးမုန်တိုင်းမိုခါဘေးသင့်ခံရသော ရခိုင်ပြည်နယ်မြောက်ပိုင်းရှိဒေသခံများ အခက်အခဲမျိုးစုံကြုံတွေ့ နေကာ စစ်ကောင်စီနှင့်နိုင်ငံတကာမှကူညီထောက်ပံ့ရေးဆောင်ရွက်ရာတွင် အလွန်တရာနှောက်နှေးကြန့်ကြာ‌ကြောင်း ရခိုင်အမျိုးအသားပါတီ (ANP) ဥက္ကဌက ဦးသာထွန်းလှ က ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သောက်သုံးရေရရှိရေး၊ အစားအစာရရှိ‌ရေး၊ နေအိမ်ပျက်စီးသွားသူများပြန်လည်ရပ်တည်နိုင်ရေးအတွက် အကူညီထောက်ပံ့မှုများအမြန်ဆုံးလိုအပ်နေချိန်တွင် စစ်ကောင်စီနှင့် နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုက အလွန်တရာအားနည်းနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ စစ်ကောင်စီက လုပ်နိုင်စွမ်းအားနည်းတယ်။ နောက်တစ်ခုက ဒီလွတ်လွတ်လပ်လပ်အကူညီပေးဖို့ ကြိုးစားတဲ့ အဖွဲ့အစည်းတွေကို တစ်စုံတရာကန့်သတ်မှုတွေလုပ်တယ်။ ဒီကိစ္စတွေမှာ အမှန်က မြန်မာနိင်ငံအနေနဲ့ မဖြေရှင်းနိုင်ရန် နိုင်ငံတကာအကူအညီတွေကိုယူရမယ်။ နိုင်ငံတကာအဖွဲ့တွေရဲ့ ကူညီထောက်ပံ့မှုတွေရှိတယ်လို့လည်း မကြားရသေးဘူး” ဟု ANP ဥက္ကဌက ဦးသာထွန်းလှ ဆိုသည်။

လေဘေးသင့်ပြည်သူများ၏ စိတ် ဒုက္ခများကိုပြေလည်စေရန် အစားစာလိုအပ်သူ၊ အမိုးအကာလိုအပ် သူများ အပါအဝင် အသက်ရှင်ရပ်တည်နိုင်ရေးအတွက် လိုအပ်သော အကူညီ ထောက်ပံ့မှုများမြန်မြန်ရောက်ရှိရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ဘက်ကို မုန်တိုင်းကူညီကယ်ဆယ်ရေးက ဘာမှမရှိသေးပါဘူး။ အခုထိ ကူညီကယ်ဆယ်ရေး ဘာမှမရောက်သေးပါဘူး။ ကျွန်တော်တို့အလှူငွေနည်းနည်းကောက်နေတယ်။ အဲဒါစားဖို့အတွက်ပဲရှိသေးတယ်။ နေဖို့အတွက်မပါသေးဘူး” ပုဏ္ဏားကျွန်းမြို့၊ တောဖျားချောင်းကျေးရွာမှ ရွာသားတစ်ဦးက ပြောကြားသည်။

လက်ရှိတွင်ဝမ်းပြည့်ရေးသာအဓိကဖြေရှင်းနေသဖြင့် ပျက်စီးသွားသောနေအိမ်များပြန်လည်တည်ဆောက်ရေး မည်သူမှဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ ကျေးရွာသားအများစုက ယိုင်နဲ့သွားသည့်အိမ်‌မြေနေရာတွင်တဲထိုးနေကြ ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အလွန့်အလွန်အားကောင်းသောဆိုက်ကလုန်မုန်တိုင်းမိုခါသည် ရခိုင်ပြည်မြောက်ပိုင်းသို့ မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်သဖြင့် ဆယ်နှင့်ချီလူသေဆုံးရှိခဲ့ပြီးလူနေအိမ်များ၊ လယ်ယာပမြေများပျက်စီးဆုံးရှုံးမှုများအပါအဝင် စိုက်ပျိုးမွေးမြူရေး တိရစ္ဆာန်များစွာထိခိုက်သေဆုံးသွားရသည်။

ဓာတ်ပုံ – ‌ရခိုင်ပြည်နယ်ဒေသခံတစ်ဦး
#မိုခါမုန်တိုင်းသင့် #ရခိုင်ပြည်သူများထံကူညီထောက်ပံ့မှုအလွန် #နှောင့်နှေးသည်ဟု #ရခိုင်အမျိုးသားပါတီဥက္ကဌပြော
#Ayeyarwaddy_Times