ဧရာဝတီတိုင်းမ်
မေလ ၂၇ ရက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မေလ ၂၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက KIA တပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မှော်ဝမ် အမှတ် ၃ ရပ်ကွက်ကို စစ်ကောင်စီတပ်သားတွေက ပိတ်ဆို့ပြီး နေအိမ်ကို ဝင်ရောက်စီးနင်းချိန်မှာ KIA တပ်ရင်း (၆)က အရာခံ ဗိုလ်အဆင့်ရှိသူနဲ့ တပ်ကြပ်ကြီး အဆင့်ရှိသူတို့ကိုတွေ့ရှိပြီး ဖမ်းဆီးသွားတာ လို့ဒေသခံတွေက ပြောပါတယ်။

“ ဘယ်လိုပြောရမလဲ နေအိမ်ကို သတင်းရလို့ ဝင်စီးတဲ့ပုံစံမျိုး လုပ်သွားတာ၊ ၂ ယောက်အဖမ်းခံလိုက်ရ တယ်ဆိုတာဟုတ်တယ်၊ ကျောက်တွေကတော့ သူတို့ဟာ မဟုတ်ဘူး”လို့ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေက KIA တပ်ဖွဲ့ဝင် ၂ ဦးကို နေအိမ် ဝင်ရောက်စီးနင်းချိန်မှာ ကျောက်စိမ်းရိုင်းတုံး ထည့်ထားတဲ့အိတ် ၁၃၄၈ အိတ်နဲ့အတူဖမ်းမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပေမယ့် အဲ့တာတွေ အားလုံး ဟာ KIA တပ်ဖွဲ့ဝင်တွေ ပိုင်းတာမဟုတ်ဘူးလို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မကြာခဏဆိုသလို စစ်ကောင်စီတပ်နဲ့ KIA တပ်အကြား ထိတွေ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဦးတဲ့သူက ဖမ်းဆီးတာမျိုးတွေနဲ့ စစ်ကောင်စီသတင်းပေးတွေနဲ့ ဒေသခံတွေ အသတ်ခံရမှုတွေလည်း ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#ဖားကန့်မြို့ #KIAတပ်ဖွဲ့ဝင် #၂ဦးကို #စစ်ကောင်စီတပ်ဖမ်းဆီး
#Ayeyarwaddy_Times