ဧရာဝတီတိုင်းမ်
မေလ ၂၇ ရက်
အနောက်နိုင်ငံတွေက ယူကရိန်းကို နျူကလီးယားလက်နက်တွေ
ထောက်ပံ့မယ်ဆိုရင် ရုရှားနိုင်ငံက ကြို တင်လက်ဉီးမှုရယူကာနျူကလီးယားလက်နက်နဲ့ တိုက်ခိုက်မယ်လို့ ရုရှား လုံခြုံရေးကောင်စီ ဒုတိယဥက္ကဌ မက်ဗီ ဒက်ဗ်က သတိပေးလိုက်ပါတယ်။
“အနောက်နိုင်ငံတွေက ယူကရိန်းကို နျူကလီးယားလက်နက်တွေ
ပေးပို့မယ်ဆိုရင် ကြိုတင်လက်ဉီးမှု တိုက်ခိုက်မှုတစ်ရပ်လုပ်ဆောင်ရမှာဖြစ်ပါတယ်” လို့ ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်အတွင်း ရုရှားသမ္မတအဖြစ် တာ ဝန်ထမ်းဆောင်ခဲ့သူ မက်ဗီဒက်ဗ်ကပြောပါတယ်။
ရုရှားကျူးကျော်စစ်နောက်ပိုင်း ယူကရိန်းနိုင်ငံဟာ အနောက်နိုင်ငံတွေထံမှ စစ်လက်နက်နဲ့ စစ်ဘက်ကိရိ ယာတွေ အများအပြား လက်ခံရရှိခဲ့ပါတယ်။
ယူကရိန်းက အနောက်နိုင်ငံတွေထံမှ ရရှိခဲ့တဲ့စစ်လက်နက်တွေထဲမှာ MiG-29 ဂျက်တိုက်လေယာဉ်တွေ၊ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ ဒရုန်းတွေ၊ ဒုံးပစ်စနစ်တွေ၊ ဟောင်ဝှစ်ဇာအမြောက်ကြီးတွေနဲ့ အမြောက် ကျည်ဆံတွေ ပါဝင်ပါတယ်။
ယူကရိန်းသို့ နျူကလီးယားလက်နက်တွေ ပေးပို့ဖို့ လူသိရှင်ကြား ဆွေးနွေးခဲ့တာတော့ မရှိသေးပါဘူး။ ယူ ကရိန်းဟာအနောက်နိုင်ငံတွေထံမှ စစ်လေယာဉ်တွေ လက်ခံရရှိပြီး နျူကလီးယားလက်နက်တွေ ပါဝင်ဖွယ်ရှိ တယ်လို့ နိုင်ငံပိုင် Tass သတင်းဌာနက မက်ဗီဒက်ဗ်ကို ကိုးကားပြီး ဖော်ပြပါတယ်။
“အနောက်နိုင်ငံတွေက ယူကရိန်းကို နျူကလီးယားလက်နက်တွေ
ထောက်ပံ့မယ်ဆိုရင် နျူထိပ်ဖူးတပ် ဒုံးကျည်တစ်စင်းနဲ့ ယူကရိန်းကို တိုက်ခိုက်မှာဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။
ယူကရိန်းသို့ F-16 ဂျက်တိုက်လေယာဉ်တွေ ပေးပို့ကာ တိုက်လေယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့ အမေရိ ကန်သမ္မတဂျိုးဘိုင်ဒင်က ပြီးခဲ့တဲ့အပတ်အတွင်းအတည်ပြုခဲ့ပါတယ်။
“ဒီပဋိပက္ခဟာ အလွန်ကို အချိန်ကြာမြင့်မှာဖြစ်ပါတယ်။ဒါဟာ တစ်ကယ့်ကို အမှန်တရားတစ်ခုပါ” လို့ မက်ဗီဒက်ဗ်က ဆက်ပြောပါတယ်။
ရုရှားနိုင်ငံရဲ့ ယူကရိန်းကျူးကျော်စစ်ပွဲကာလတစ်လျောက် မက်ဗီဒက်ဗ်က နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်မယ်လို့မကြာခဏ ခြိမ်းခြောက်ခဲ့ပါတယ်။
ရုရှားပိုင်နက်နယ်မြေကို ကာကွယ်စောင့်ရှောက်ရာမှာနျူကလီးယားလက်နက်တွေ အသုံးပြုဖို့ ပြင်ဆင် ထားတယ်လို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း နိုင်ငံတော်သို့ပြောကြားတဲ့
မိန့်ခွန်းတစ်ခုအတွင်း သမ္မတ ဗလာ ဒီမာပူတင်ကိုယ်တိုင်ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ကိုးကား- Newsweek
Ref; Russia’s Medvedev Threatens Ukraine With Pre-Emptive Nuclear Strike