ဧရာဝတီတိုင်းမ်
မေလ၂၇ ရက်

ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ ဒီမိုကရေစီအစိုးရကို
ဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း အီရန်နဲ့မြန်မာကြားစစ်လက်နက်နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှု ပိုမို နီးကပ်လာခဲ့ ပြီး မြန်မာစစ်အာဏာရှင်က ခုခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မိမိပြည်သူတွေအပေါ် တိုက်ခိုက်ရာမှာ အီရန်နိုင်ငံလုပ် ဒုံးကျည်တွေ၊ ဒရုန်းတွေကို အသုံးပြုနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလနဲ့ဧပြီလကြား Queshm Fars Air လေကြောင်းလိုင်းပိုင် ဘိုအင်း ၇၄၇ ကုန်တင် လေယာဉ်တစ်စင်းဟာ နေပြည်တော်နဲ့ ရန်ကုန်မှာ သုံးကြိမ် ဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလေယာဉ်ဟာ တစ်ကြိမ်မှာ ဒရုန်းတွေ၊ စစ်ဘက်ယာဉ်တွေအတွက် အင်ဂျင်တွေပါဝင်တဲ့ သေတ္တာ ၂၁ လုံး တင်ဆောင်လာခဲ့ပါတယ်။

နေပြည်တော်မှာဆင်းသက်တဲ့ ဒုတိယအကြိမ်မှာ အဆိုပါလေယာဉ်ဟာ စစ်ကောင်စီအတွက် အီရန်နိုင်ငံ လုပ် လက်နက်တွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေ တင်ဆောင်လာခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်း တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ အီရန်ကိုယ်စား လှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပါတယ်။

အဲဒီကိုယ်စားလှယ်အဖွဲ့မှာ ပြီးခဲ့တဲ့နှစ်အတွင်း အာဂျင်တီးနားနိုင်ငံသို့ လက်နက်မှောင်ခိုကူးမှု သံသယနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ တပ်မှူးဟောင်းတစ်ဉီးဖြစ်သူ ဂိုလမ်ရီဇာဂါဆီမီလည်း ပါဝင်ခဲ့ဖွယ်ရှိပါတယ်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ဟာ လေယာဉ်ဟောင်းတွေပြုပြင်တဲ့ နည်းပညာလေ့လာဖို့ စစ်တပ်မှ အင်ဂျင်နီယာတွေပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကို အီရန်နိုင်ငံသို့ စေလွှတ်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ပြည်သူတွေအပေါ် လူမဆန်စွာ နှိပ်ကွက်မှုတွေကြောင့် အနောက်နိုင်ငံတွေရဲ့ ဒဏ် ခတ်အရေးယူမှုတွေ ခံနေရတဲ့ စစ်ကောင်စီဟာ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘီလာရုဇ်၊ အီရန်တို့နဲ့ ဆက်ဆံရေး တိုးမြှင့်လာခဲ့ပါတယ်။

ဘက်ပေါင်းစုံမှာ ချွတ်ခြုံကျလာတဲ့ မြန်မာစစ်တပ်ဟာအတိုက်အခံတွေကို တိုက်ခိုက်နိုင်ဖို့ အီရန်နိုင်ငံ ထုတ် စစ်လက်နက်တွေဖြစ်တဲ့ ဒရုန်းတွေနဲ့ ပဲ့ထိန်းဒုံးကျည်တွေအပေါ် မှီခိုလာခဲ့ပါတယ်။

ကိုးကား- Asia News
Ref; Burmese junta uses Iranian missiles and drones to suppress resistance

#Ayeyarwaddy_Times