ဧရာဝတီတိုင်းမ်
မေလ ၂၆ ရက်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့၊ အမှတ် ၃ ရပ်ကွက်မှာ မေလ ၂၄ ရက်နေ့ ညနေပိုင်းက ရုတ်တရက်လေပြင်းတိုက်ခိုက်မှုကြောင့် စျေးဆိုင်ခန်း ၂၁ ခန်း အမိုးလန်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ညနေ ၄ နာရီခွဲလောက်မှာ ရုတ်တရက် မိုးရွာပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် မြို့မနေခြည်စျေးက (၈၀×၃၀)ပေရှိတဲ့ သားငါးရောင်းတဲ့ရုံနဲ့ စျေးဆိုင် ၂၁ ဆိုင်ဟာ အမိုးလန်ပျက်စီးတာတွေဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။

” ကျွန်တော်တို့ကတော့ သိတာနဲ့ တန်းထွက်ပြီး ကူညီကယ်ဆယ်ရေးတွေလုပ်ပေးပါတယ်၊ သေဆုံးပျောက်ဆုံးတာမျိုးတော့ မရှိပါဘူး”လို့ ဧရာဝတီတိုင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

လေပြင်းတိုက်ခတ်တဲ့သတင်းရတာနဲ့ မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ပေါင်းပြီး ရှင်းလင်းရေးနဲ့ ရှာဖွေကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

အမိုးလန်ပျက်စီးတာတွေဖြစ်ပေါ်ခဲ့ပေမယ့် လူနဲ့ တိရစ္ဆာန်ထိခိုက်သေဆုံးတာမျိုးတော့မရှိဘူးလို့ ဒေသခံတွေက ​ပြောပါတယ်။
#မြန်အောင်မြို့နယ်တွင် #ရုတ်တရက် #လေပြင်းတိုက်ခတ်မှုကြောင့် #မြို့မစျေး #ဆိုင်ခန်း၂၁ခန်း #အမိုးလန်ပျက်စီး
#Ayeyarwaddy_Times