ဧရာဝတီတိုင်းမ်
မေလ ၂၅ ရက်

ဇူလိုင်လအတွင်းပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမတိုင်မီပြည်တွင်းရေးမှာ ဝင်ရောက်မစွက်ဖက်ဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆမ်က အနောက်နိုင်ငံတွေကို သတိပေးလိုက်ပါတယ်။

မေလ ၂၃ ရက်က ဖနောင်ပင်မြို့တော်မှာ ဟွမ်ဆန်က အခုလို ပြောကြားခဲ့တာပါ။ ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိက အတိုက်အခံပါတီဟာ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ အရည်အချင်းမပြည့်မီဟု ကြေညာပြီးနောက် ရွေးကောက်ပွဲ နဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေရှိနေစဉ် သူက အခုလို မှတ်ချက်ပြုခဲ့တာပါ။

“ကမ္ဘောဒီးယားဟာ လွတ်လပ်ပြီး အချုပ်အချာအာဏာပိုင်တိုင်းပြည်တစ်ခုဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကျင်းပချိန်အထိ ကျေးဇူးပြုပြီး တိတ်ဆိတ်ပေးကြဖို့တောင်းဆိုချင်ပါတယ်” လို့ ဟွန်ဆမ်က ပြောပါတယ်။

ကမ္ဘောဒီးယား ရွေးကောက်ပွဲကော်မရှင်က ဒီလအစောပိုင်းမှာCandlelight ပါတီရဲ့ မှတ်ပုံတင်မှုကို ပယ် ချခဲ့ပြီး အဆိုပါ အတိုက်အခံပါတီဟာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ မတင်ပြခဲ့ဘူးလို့ ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက ရွေးကောက်ပွဲမှာ အခုလိုမျိုး အဓိက အတိုက်အခံပါတီကို ချန်လှပ်ခဲ့တာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။

တရားရုံးတွေက ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘောဒီးယား အမျိုးသားကယ်တင်ရေးပါတီကို ဖျက်သိမ်းဖို့ ဖိအား ပေးပြီးနောက် ပြီးခဲ့နှစ်ဒေသန္တရ ရွေးကောက်ပွဲတွေမှာ ဒုတိယအနိုင်ရရှိခဲ့တဲ့Candlelight ပါတီကို တည်ထောင်ခဲ့ တာ ဖြစ်ပါတယ်။

ဉရောပသမဂ္ဂ သံတမန်ဌာနက Candlelight ပါတီရဲ့ မှတ်ပုံတင်မှုကို ပယ်ချပြီးနောက် ကြေညာချက်တစ် ရပ် ထုတ်ပြန်ကာအခြေအနေကို စိုးရိမ်ကြောင်း၊ ကမ္ဘောဒီးယား ရွေးကောက်ပွဲကော်မရှင်ရဲ့ဆုံးဖြတ်ချက်ကို အ ပြင်းအထန် ကန့်ကွက်ကြောင်း
ပြောကြားခဲ့ပါတယ်။

မီဒီယာတွေနဲ့ အတိုက်အခံတွေအပေါ် ခြိမ်းခြောက်မှုတွေ၊အရှက်ရစေတဲ့ဖြစ်စဉ်လို့ ကမ္ဘောဒီးယားနိုင်ငံရှိ အမေရိကန်သံရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တစ်ရပ်အတွင်း ပြောကြားခဲ့ပြီး ကမ္ဘောဒီးယားပြည်သူ တွေရဲ့ ဒီမိုကရေစီမှာ
ပါဝင်မှုကို အဟန့်အတားဖြစ်စေတယ်လို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆမ်စာ အာဏာချုပ်ကိုင်ထားတာ ဆယ်စုနှစ်လေးခုရှိပါပြီ။ ကမ္ဘောဒီးယားနိုင်ငံက ၅ နှစ် လျင် တစ်ကြိမ် ရွေးကောက်ပွဲပြုလုပ်ပြီး ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမှာ အာဏာရပါတီက အမတ်နေရာအားလုံး ၁၂၅ နေရာ အနိုင်ရရှိခဲ့ပါတယ်။

ကိုးကား- NHK
Ref; Cambodia’s prime minister warns against foreign interference in election

#Ayeyarwaddy _Times