ဧရာဝတီတိုင်းမ်
မေလ၂၅ ရက်

ဆိုင်ကလုန်းမုန်တိုင်းသင့် မြန်မာနိုင်ငံရဲ့ဒေသတွေကို ကယ်ဆယ်ရေးပစ္စည်းတွေ ပို့ဆောင်ခွင့်ပြုဖို့ ကုလ သမဂ္ဂအဖွဲ့က မေလ ၂၄ ရက်မှာမြန်မာစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ဆိုင်ကလုန်းမုန်တိုင်းရဲ့အကျိုးသက်ရောက်မှုတွေကို ခံနေရတာကြောင့် လိုအပ်ချက် အကဲဖြတ်မှုတွေ ရှေ့ဆက်လုပ်ဆောင်ခွင့်ပြုဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဗော်လ်ကာတပ်ခ်က မြန် မာစစ်အာဏာရှင်တွေကို တိုက်တွန်းလိုက်ပါတယ်။

“ထိခိုက်ပျက်စီးမှုနဲ့ အသက်ဆုံးရှုံးမှုတွေကိုကြိုတင်သိမြင်နိုင်သလို ရှောင်လွှဲနိုင်ပါတယ်။ ထိခိုက်ပျက်စီး ပြီး အသက်တွေဆုံးရှုံးရတာလူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်စပ်နေပါတယ်” လို့ ဂျီနီဗာမြို့တော်မှာပြု လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဗော်လ်ကာတပ်ခ်က ပြောပါတယ်။

မြန်မာစစ်တပ်က ခရီးသွားလာခွင့်ကန့်သတ်ချက်တွေ ရုတ်သိမ်းကာ ကယ်ဆယ်ရေးပစ္စည်းတွေကို လို အပ်သူတွေထံ ပေးအပ်ခွင့်ပြုဖို့ အရေးကြီးတယ်လို့သူက ဆိုပါတယ်။

“မြန်မာအာဏာပိုင်တွေဟာ ဆယ်စုနှစ်ချီကြာအောင် ရိုဟင်ဂျာတွေကို အခွင့်အရေးနဲ့ လွတ်လပ်ခွင့်မ ပေးခဲ့ဘဲ အခြားတိုင်းရင်းသားအုပ်စုတွေကို တိုက်ခိုက်ကာ အသက်ရှင်ခွင့်ကို ဆုတ်ယုတ်လျော့ပါးစေခဲ့ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

အိုးအိမ်စွန့်ခွာရသူတွေအနက် အချို့ဟာ ၂၀၁၂ ခုနှစ်ကတည်းက ဝါးအဆောက်အအုံတွေမှာ နေထိုင်ခဲ့ရ ပြီး ရေဘေးမသင့်နိုင်တဲ့ဧရိယာတွေမှာ ပိုမိုကောင်းမွန်တဲ့ စစ်ရှောင်စခန်းတွေတည်ဆောက်ဖို့ လူသားချင်းစာနာမှု အေဂျင်စီတွေရဲ့တောင်းဆိုချက်တွေကို မြန်မာစစ်တပ်က ထပ်တလဲလဲ ငြင်းဆန်ခဲ့ပါတယ်” လို့ ဗော်လ်ကာတပ်ခ်က ပြောပါတယ်။

“မြန်မာနိုင်ငံကို သွားရောက်တဲ့ခရီးစဉ်တွေအတွင်း ဒါမျိုးတွေကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ မြန်မာ စစ်တပ်က ရိုဟင်ဂျာတွေကိုလည်း လွတ်လပ်စွာ သွားလာခွင့် ပိတ်ပင်ထားပါတယ်” လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံက ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ဘေးသင့် ပြည်သူ ၁ ဒသမ ၆ သန်းကျော်အတွက် အရေးပေါ် ရန်ပုံငွေ ဒေါ်လာ ၃၃၃ သန်း လိုအပ်တယ်လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

ကိုးကား- CNA
Ref; UN urges Myanmar junta to open up to Cyclone Mocha relief

#Ayeyarwaddy_Times