ဧရာဝတီတိုင်းမ်
မေလ ၂၅ ရက်

မြန်မာနိုင်ငံရှိ ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ဘေးသင့်ပြည်သူတွေကို ထောက်ပံ့ဖို့ ဒေါ်လာ ၁၀၀၀၀၀ တန် ကြေးရှိ ပထမအသုတ်ကယ်ဆယ်ရေးပစ္စည်းတွေကို အာဆီယံအဖွဲ့က ပေးပို့လိုက်ပြီဖြစ်ပါတယ်။

မေလ ၁၄ ရက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်း ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ဝင်ရောက်တိုက်ခတ်ခဲ့ရာ နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုနဲ့ လူသေဆုံးမှုတွေ ရှိခဲ့တယ်လို့ ကနဉီးအကဲဖြတ်ချက်အရ သိရပါ တယ်။

မေလ ၂၁ ရက်အထိ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့်
လူ ၁၄၅ ဉီး သေဆုံးကာ ပြည်သူ ၉၁၂၀၀၀ ဉီးကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ပြီး စုစုပေါင်း ထိခိုက်ပျက်စီးမှုပမာဏက ဒေါ်လာ ၂ ဒသမ ၇ သန်းခန့်ရှိမယ် လို့ ခန့်မှန်းရပါတယ်။

အာဆီယံ လူသားချင်းစာနာမှု အကူအညီဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးစင်တာ (AHA Centre) က မ လေးရှားနဲ့ထိုင်းနိုင်ငံရှိ ကုန်လှောင်ရုံတွေမှ ကယ်ဆယ်ရေးပစ္စည်းတွေကို မြန်မာနိုင်ငံသို့ ထပ်မံ ပေးပို့ဖို့ ပြင်ဆင် နေပါတယ်။

အာဆီယံ အရေးပေါ်တုံ့ပြန်ရေးနှင့် အကဲဖြတ်အဖွဲ့
(ASEAN-ERAT) ကလည်း အကဲဖြတ်လုပ်ငန်း လုပ် ဆောင်ဖို့နဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးအပ်ရာမှာ အဆင်ပြေချောမွေ့စေဖို့ ဝန်ထမ်းတွေ စေလွှတ်ခဲ့ပါတယ်။

အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ် Kao Kim Hourn ကလည်း မုန်တိုင်းဒဏ်သင့် မြန်မာပြည်သူတွေ အတွက် စိတ်မကောင်းဖြစ်ရကြောင်း ပြောကြားခဲ့ပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်နေတယ်လို့ ဆိုပါ တယ်။

ဆိုင်ကလုန်းမုန်တိုင်းသင့် ပြည်သူတွေရဲ့ ဒုက္ခခံစားရမှုတွေ လျှော့ပါးစေဖို့ ကြိုးပမ်းမှုအဖြစ် အဖွဲ့ဝင်နိုင်ငံ တွေ၊ မိတ်ဖက်တွေ၊
သက်ဆိုင်သူတွေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေက ထပ်တိုး ကူညီထည့် ဝင်ကြဖို့ အာဆီယံအဖွဲ့က တောင်းဆိုခဲ့ပါတယ်။

ကိုးကား- Vietnam Plus
Ref; ASEAN delivers relief supplies to Myanmar to help victims of cyclone Mocha

#Ayeyarwaddy_Times