ဧရာဝတီတ်ိုင်းမ်
မေလ ၂၅ ရက်
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် အခြေခံစားသောက်ကုန်နှင့်အိမ်ဆောက်ပစ္စည်းစျေးနှုန်းများ မြင့်တက်နေသည့်အတွက် ဒေသခံများအနေဖြင့် အခက်တွေ့နေကြောင်း သိရသည်။
ကျောက်တော်မြို့နယ်တွင် ကြက်ဥတစ်လုံးလျှင် ၄၅၀ ကျပ်အပြင် သံဖြူစျေး၊ သွပ်စျေး၊အခြေခံစားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများစျေးအဆမတန်မြင့်တက်သွားကြောင်း ဒေသခံများကပြောသည်။
လက်ရှိ ညောင်ပင်လှကျေးရွာအပါအဝင် လမ်းမတော်ကျေးရွာ၊ သကြားစက်ကျေးရွာ၊ မြင်းကပ်ကျေးရွာများမှ ဒေသခံများသည်သံဖြူအသစ်ဝယ်ယူ၍မရသည့်အတွက် အဟောင်းများကိုသာ ပြန်လည်အသုံးပြုနေရသည်ဟု ဒေသခံများထံက သိရသည်။
“ကျွန်မတို့ရွာလေးတွေက မြို့နဲ့လည်းဝေးတယ်၊ အင်တာနက်လိုင်းရဖို့လည်းအပြင်ထွက်သုံးရတယ်။ အခု အစားအသောက်နဲ့ နေဖို့ထိုင်ဖို့အတွက်လည်း အတော်ခက်ခဲနေသလို စျေးတွေကလည်းအရမ်းတက်တော့ ခက်ခဲနေတယ်။ ဘယ်အဖွဲ့အစည်းကမှလည်း လာရောက်ကူညီထောက်ပံ့မှုမရှိသေးပါဘူး” လို့ ညောင်ပင်လှကျေးရွာမှ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း ၁၇ မြို့နယ် ရှိပြီး မေလ ၁၄ ရက်နေ့တွင် ဝင်ရောက်တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်သူများသည် မုန်တိုင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံခဲ့ရသည့်အပြင် နောက်ဆက်တွဲအနေဖြင့် ကုန်စျေးနှုန်းကြီးမြင့်မှု ဒဏ်ကိုပါ ခံစားနေရခြင်းဖြစ်သည်။
ယင်းကဲ့သို့ ရခိုင် ပြည်နယ်တွင် ကုန်စျေးနှုန်း ကြီးမြင့်မှုများနှင့် ပတ်သက်ပြီး အိမ်ဆောက်ပစ္စည်းများအား စျေးတင်ရောင်းချသည့် ဒေသခံဆိုင်ရှင် ၁၁ ဦးကိုလည်း ရက္ခိုင့်တပ်တော်AA က ခေါ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့သေးသည်။
ဓာတ်ပုံ-ပေးပို့
#ကျောက်တော်မြို့ #အခြေခံစားသောက်ကုန်နှင့်အိမ်ဆောက်ပစ္စည်း #စျေးမြင့်တက် #ဒေသခံတွေအခက်တွေ့နေ
#Ayeyarwaddy_Times