ဧရာဝတီတိုင်းမ်
မေလ ၂၄ ရက်
ယူကရိန်းလေယာဉ်မှူးတွေက ပိုလန်အပါအဝင် နိုင်ငံအများအပြားမှာ F-16 ဂျက်တိုက်လေယာဉ်တွေ မောင်းနှင်ဖို့ သင်တန်းတွေ စတင်နေပြီလို့ ဉရောပသမဂ္ဂ နိုင်ငံခြားရေးရာမူဝါဒ အကြီးအကဲ ဂျိုးဇက်ဘော်ရယ်လ် က ပြောကြားပါတယ်။
မေလ ၂၃ ရက် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တော်မှာ
သတင်းထောက်တွေနဲ့ စကားပြောကြားစဉ် ဂျိုးဇက်ဘော်ရယ်လ်က အခုလို မှတ်ချက်ပြုခဲ့တာပါ။
ယူကရိန်းတိုက်လေယာဉ်မှူးတွေကို F-16 ဂျက်တိုက်လေယာဉ်တွေ ကိုင်တွယ်နိုင်ဖို့ လေ့ကျင့်ပေးတာ အ ချိန်ကြာမြင့်မှာဖြစ်ပေမယ့် မြန်ဆန်လေ ပိုကောင်းလေလို့ သူက ဆိုပါတယ်။
ယူကရိန်းသို့ F-16 ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့ပေးဖို့ အနောက်မဟာမိတ်နိုင်ငံတွေက တံခါးဖွင့် လှစ်ထားတယ်လို့ သူက ဆက်ပြောပါတယ်။
F-16 ဂျက်တိုက်လေယာဉ်တွေကို အမေရိကန်နိုင်ငံမှာ ထုတ်လုပ်ပေမယ့် ယူကရိန်းသို့ အဆိုပါဂျက်တိုက် လေယာဉ် အစင်းရေး
မည်မျှ ထောက်ပံ့မယ်ဆိုတာအနောက်မဟာမိတ်တွေက သဘောမတူသေးပါဘူး။
အနောက်နိုင်ငံတွေက ယူကရိန်းနိုင်ငံသို့ F-16 ဂျက်တိုက်လေယာဉ်တေွ ထောက်ပံ့ရင် အလွန်ကြီးမားတဲ့ အန္တရာယ်တွေရှိလာမယ်လို့ ရုရှားခေါင်းဆောင်တွေက သတိပေးခဲ့ပါတယ်။
အနောက်မဟာမိတ်နိုင်ငံတွေ ယူကရိန်းပဋိပက္ခမှာပိုပြီး ပါဝင်လာမှုကို ရုရှားခေါင်းဆောင်ပိုင်းက အပြင်း အထန် ရှုတ်ချလိုက်ပါတယ်။
ယူကရိန်းလေယာဉ်မှူးတွေကို လေ့ကျင့်ပေးတာက နေတိုးအဖွဲ့ကို ပဋိပက္ခအတွင်း ပါဝင်စေတာမဟုတ် ဖူးလို့ နေတိုးအဖွဲ့အတွင်းရေးမှူးချုပ် ဂျန်စတိုတန်ဘဂ်က ပြောကြားပါတယ်။
ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းမှာ ကိုယ့်ကိုကိုယ် ခုခံကာကွယ်ပိုင်ခွင့် ပြဌာန်းထားတာကြောင့် နေတိုးအဖွဲ့ က ယူကရိန်းနိုင်ငံ ထိုအခွင့်အရေးရရှိအောင် ကူညီနေတာလို့ သူက ဆိုပါတယ်။
ကိုးကား- NHK
Ref; Borrell: Ukrainian pilots start training for F-16 jets
#Ayeyarwaddy_Times