ဧရာဝတီတိုင်းမ်
မေလ ၂၄ ရက်

လျှပ်စစ်မီးပြတ်တောက်မှုနှင့်ပတ်သက်ပြီး စစ်ကောင်စီကို လူမှုကွန်ရက်မှတစ်ဆင့် ဝေဖန်ပြောဆိုခဲ့ သည့် အဆိုတော်ဗျူဟာ ယနေ့မွန်းလွဲပိုင်းအချိန်တွင် ဖမ်းဆီးခံရကြောင်း မိသားစု၀င်နှင့်နီးစပ်သူထံမှ သိရ သည်။

အဆိုတော်ဗျူဟာကို ၎င်း၏နေအိမ် မြောက်ဒဂုံမြို့ နယ် ၄၈ ရပ်ကွက်၊ ဗထူးအိမ်ရာတွင် စစ်ကောင်စီမှ လာရောက်‌ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

လူမှုကွန်ရက်မှတစ်ဆင့် “ရန်ကုန်မြို့ကို လျှပ်စစ်မီး ၅ နာရီခြား ခွဲတမ်းနဲ့ပေးတာတောင် စောက်ဖြစ်ရှိအောင် မပေးနိုင်တော့တဲ့ကောင်တွေကို မီးပျက်လို့ဆဲတယ်ကွာ”ဟုဆိုခြင်းကြောင့် လာရောက်ဖမ်းဆီးခေါ်‌ဆောင် ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် ၎င်းကို အင်းစိန်ထောင်၌ ဖမ်းဆီးထားပြီး စစ်တပ်လော်ဘီ ဟန်ငြိမ်းဦးအကောင့်တွင် ဖမ်းဆီး အရေးယူရန်ပို့စ်တင်ပြီးနောက် မကြာမီတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် လျှပ်စစ်မီးကို အုပ်စုခွဲ၍ ၄ နာရီမီးပေး ၄ နာရီမီးဖြတ်စနစ်ဖြင့် ပေးသည်ဟု ကြေညာထားသော်လည်း ကြေညာထားသည့်အတိုင်း လျှစ်စစ်မီးရရှိမှုမရှိသည့်အတွက် ရန်ကုန်မြို့နေပြည်သူများ အခက်ကြုံလျက်ရှိကြောင်း သိရ သည်။

#ဗျူဟာ #စစ်ကောင်စီ #ဖမ်းဆီးခံရ #လျှပ်စစ်မီး #ပြတ်တောက်မှု
#Ayeyarwaddy_Times