ဧရာဝတီတိုင်းမ်
မေလ၂၄ ရက်
အိမ်စောင့်အစိုးရမှ အစိုးရသစ်သို့ အဆင်ပြေပြေ အာဏာလွှဲပြောင်းပေးမယ်လို့ ထိုင်းဝန်ကြီးချုပ် ပရာ ယွပ်ချန်အိုချာက မေလ ၂၃ ရက်မှာ အခိုင်အမာပြောကြားခဲ့ပါတယ်။
“ထိုင်းနိုင်ငံက ရှေ့ဆက်လျှောက်လှမ်းရမှာဖြစ်တာကြောင့်
ကျွန်တော်တို့ ပြည်သူတွေကိုစောင့်ရှောက်မှု ဆက်လက်ပြုလုပ်ပြီး အစိုးရသစ်ဖွဲ့စည်းမှုကို စောင့်ဆိုင်းနေပါတယ်” လို့ ဗိုလ်ချုပ်ကြီး ပရာယွပ်က ပြောပါတယ်။
ပြည်သူတွေကို အထိတ်တလန့်ဖြစ်စေမယ့် နိုင်ငံရေးအခြေအနေနဲ့ပတ်သက်တဲ့ အနာဂတ်ဖြစ်နိုင်ချေတွေ ဖန်တီးတာကို ရှောင်ကြဉ်ကြဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးက
သူက တိုက်တွန်းလိုက်ပါတယ်။
“ပြဿနာတွေ ထပ်မံ မဖန်တီးကြပါနဲ့။ ကျွန်တော်ကိုယ်တိုင်
ဘယ်အဖွဲ့အစည်းနဲ့မှ ပြဿနာမရှိသလို ဒီ မိုကရေစီလုပ်ငန်းစဉ်ကို လေးစားသမှုရှိပါတယ်” လို့
သူက ဆိုပါတယ်။
အိမ်စောင့်အစိုးရမှ အစိုးရသစ်သို့ အသွင်ကူးပြောင်းစဉ်ကာလအတွင်း တိုင်းပြည်ရဲ့ စီးပွားရေးမောင်းနှင် အားနဲ့ပတ်သက်လို့ စိုးရိမ်မှုအပေါ် ဗိုလ်ချုပ်ကြီး ပရာယွပ်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ဖို့ လုံ လောက်တဲ့ အစီအမံတွေ
ချထားတယ်လို့ ပြောပါတယ်။
နိုင်ငံရေး မသေချာမရေရာမှုတွေ ရှိနေလင့်ကစား ထိုင်းနိုင်ငံဟာ ကောင်းမွန်သော ဘဏ္ဍာရေးအဆင့်အ တန်းတစ်ရပ်ရှိတယ်လို့ သူက ဆိုပါတယ်။
သူ အမျှော်လင့်ဆုံးအရာက တိုင်းပြည်တွင်း ငြိမ်းချမ်းရေးရရှိဖို့ဖြစ်ပြီး သူဟာ အိမ်စောင့်အစိုးရ ဝန်ကြီး ချုပ်ဖြစ်တာကြောင့်
အစိုးရသစ် တာဝန်ယူချိန်အထိ တာဝန်ကို ကျေပြွန်အောင်ထမ်းဆောင်မယ်လို့ ပရာယွပ်က ပြောပါတယ်။
အစိုးရသစ်တစ်ရပ် ဖွဲ့စည်းဖို့ Move Forward Party ခေါင်းဆောင်တဲ့ ကြိုးပမ်းမှုကို အထက်လွှတ်တော် အမတ်တွေက ထောက်ခံကြဖို့ ပါတီထောက်ခံသူတွေရဲ့ အွန်လိုင်းလှုပ်ရှားမှုနဲ့ပတ်သက်လို့ လုံခြုံရေးအာဏာပိုင် တွေက ဉပဒေနဲ့အညီ ဘယ်လို လူစုဝေးမှုမျိုးကိုမဆို ကိုင်တွယ်သွားလိမ့်မယ်လို့ သူက ဆိုပါတယ်။
ကိုးကား- Bangkok Post
Ref; Prayut allays fears over transfer of power