ဧရာဝတီတိုင်းမ်
မေလ ၂၄ ရက်

မြန်မာနိုင်ငံက ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ဘေးသင့်ပြည်သူ ၁ ဒသမ ၆ သန်းအတွက် အရေးပေါ်ရန်ပုံငွေ ဒေါ်လာ ၃၃၃ သန်း ပံ့ပိုးကူညီကြဖို့ ကုလသမဂ္ဂက မေတ္တာရပ်ခံလိုက်ပါတယ်။

မိုးရာသီမကျမီ မုန်တိုင်းသင့်ပြည်သူတွေကို နေစရာ၊ ကျန်းမာရေးအဆောက်အအုံ၊ စားနပ်ရိက္ခာနဲ့ သန့် ရှင်းသော သောက်သုံးရေ ထောက်ပံ့ပေးနိုင်ဖို့ ရန်ပုံငွေ ဒေါ်လာ ၃၃၃ သန်းရရှိဖို့ ကြိုးပမ်းနေတယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ
လူသားချင်းစာနာမှုရေးရာရုံးက မေလ ၂၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

“မုန်တိုင်းသင့်အသိုင်းအဝိုင်းတွေမှာ ပြည်သူတွေကို ဘေးကင်းလုံခြုံတဲ့ နေစရာပေးဖို့နဲ့ ရေမှကူးစက်တဲ့ ရောဂါတွေပျံ့နှံ့မှုကိုတားဆီးကာကွယ်ဖို့ လုပ်ဆောင်နေတယ်” လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ရေးမှူးနဲ့ ဌာနေကိုယ်စားလှယ်
ရာမန်နာသန်ဘာလာခရစ်ရှနန်က ထုတ်ပြန်ချက်တစ်ခုအတွင်းပြောပါတယ်။

ဒေါ်လာ သန်း ၂၀၀ ကျော်ကို ဒီနှစ်အတွက် မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှု အကူအညီစီမံချက်မှ ရရှိမှာ ဖြစ်ပြီး ဒေါ်လာ ၁၂၂
သန်းကိုတော့ ဆိုင်းကလုန်းမုန်တိုင်း ဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်း တွေမှ ထောက်ပံ့မယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ရခိုင်ပြည်နယ်ရှိ အသိုင်းအဝိုင်းတွေထံ ကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဖြူးဖို့ ရန်ပုံငွေအဆိုပြုချက်ကို မ ကြာ မီ အတည်ပြုမယ်လို့
ကုလသမဂ္ဂက မျှော်လင့်ကြောင်း သူက သတင်းထောက်တွေကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာတစ်သန်းအတွက် ရန်ပုံငွေမရှိတာ ကြောင့် ကုလသမဂ္ဂစားနပ်ရိက္ခာအေဂျင်စီက သုံးလအတွင်း ဒုတိယအကြိမ်စားနပ်ရိက္ခာအကူအညီ ဖြတ် တောက်ခဲ့ပြီးနောက် အခုလိုငွေကြေးအကူအညီတောင်းခံတာဖြစ်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ တိုက်ခတ်မှုကြောင့် လူ ၁၄၈ ဉီးသေဆုံးခဲ့ပြီး အများစုက ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ပြောကြားခဲ့ပါတယ်။

ကိုးကား- AFP
Ref; UN seeks $333M emergency funding for Cyclone Mocha relief in Myanmar