ဧရာဝတီတိုင်းမ်
မေလ ၂၃ ရက်

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ ဝက်ချောင်းကျေးရွာအနီးဂျုံးဂျုုံးကျတံတားတွင် မေလ ၁၇ ရက်နေ့က ဓားထောက်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ဓားထောက်လုယက်မှုကို ကျူးလွန်သည့်အဖွဲ့တွင် လူသုံးဦး ပါဝင်ပြီး ငွေ တစ်သိန်းကျော်နှင့် ဆိုင်ကယ် Click တစ်စီး ပါးသွားကြောင်း ဒေသခံများကပြောသည်။

“မနက်အစောပိုင်း လင်မယားနှစ်ယောက်စီးလားတဲ့ ဆိုင်ကယ်ကိုလုတာ။ လမ်းမကြီးပေါ်မှာ ပေါ်ပေါ်တင်တင်လုပ်ကြတာ၊ ရဲတွေတော့ တိုင်ထားတယ်လို့တော့ ပြောသံကြားရတယ်။ ခုရက်ပိုင်းတွေက ခိုးတာလုတာတွေကလည်း ပိုပိုဆိုးလာတယ်” ဟု ကျောင်းကုန်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါဖြစ်စဥ်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို တိုင်ကြားထားသော်လည်း ဓားထောက်လုယက်သူများကို ယနေ့အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ​ဒေသခံများပြော​ပြချက်အရ သိရှိရသည်။

ဓာတ်ပုံ-လုယက်ခံရမှုဖြစ်ပွားသည့်နေရာ
#ကျောင်းကုန်းမြို့မှာ #ဓားထောက် #လုယက်မှုဖြစ်ပွား
#Ayeyarwaddy_Times