နွေဦးမောင် /ဧရာဝတီတိုင်းမ်
(ဧရာဝတီ) /မေလ၂၃ ရက်

ဧရာဝတီတိုင်း အတွင်း မိုးစပါး စိုက်ပျိုးချိန်တွင် မျိုးစပါးနှင့် အလုပ်သမား ရှားပါးမှု ၊ စက်သုံးဆီစျေး ကြီးမြင့်မှု စသည့် အခက်ခဲများကြုံတွေ့နေရကြောင်း လယ်သမားများထံက သိရသည်။

ထိုကဲ့သို့သော ပြသာနာများ ကြုံတွေ့ နေရသော်လည်း ဘိုးဘွားမိဘများလက်ထက်ကတည်းက လုပ်ကိုင်လာခဲ့ခြင်း ဖြစ်သည့် စပါးစိုက်ပျိုးသည့် လုပ်ငန်းကို တိုင်းအတွင်းရှိ လယ်သမားများက ဆက်လက်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

” လယ်ဏက နည်းနည်းလေးလုပ်နိုင်တဲ့ လယ်သမားက ပိုခက်တာပေါ့။ ဓာတ်မြေဩဇာစျေးက အရမ်းတက်နေသလို စက်သုံးဆီစျေးတွေကလည်း အဆမတန်တက်နေတယ်။ လုပ်သားရှားတော့ စျေးကပိုပေးရမယ် အခက်အခဲတွေကအများကြီးပါပဲ” ဟု လယ်ဧက (၁၀၀)ကျော်အထိ စိုက်ပျိုးနေသည့် လယ်သမားကြီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း လယ်ယာစိုက်ပျိုးရေးကို ဇောင်းပေးလုပ်ကိုင်မည်ဟုဆိုကာ အစည်းအဝေးများ အခမ်းအနားများ များစွာ ပြုလုပ်ခဲ့သော်လည်း အခြေခံလယ်သမားများ၏ ဘဝမှာ တိုးတက်လာခြင်း မရှိဘဲ လူမှုစီးပွါးဘဝ ပိုမို ကြပ်တည်းလာခဲ့ခြင်း ဖြစ်သည်။

ဧရာတိုင်းအတွင်းတွင် လက်ရှိ စပါးပေါက်စျေးမှာ တောင်ပျံစပါး တင်းတစ်ရာလျှင် ငွေကျပ် ၂၄ နီးပါး ရှိနေပြီး လယ်သမားအများစု စိုက်ပျိုးသည့် သုခ စပါးအမျိုးအစားမှာ တင်းတစ်ရာလျှင် ငွေကျပ် ၁၈သိန်းအထိ ပေါက်ဈေးရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်း နေထိုင်ကြသူအများစုမှာ မှာ စိုက်ပျိုးရေးနှင့် မွေးမြူ ရေးကိုသာ အဓိက လုပ်ကိုင်ကြသူများဖြစ်ကာ သဘာဝဘေးအန္တရယ် နှင့် ပိုးမွှား ဖျက်ဆီးခံရမှုများကြောင့်လည်း ဆုံးရှုံးများ ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့် မို့ရာသီ စိုက်ပျိုးစဉ်ကလည်း စပါးစိုက်ခင်းများအတွင်း ခရု များကျရောက်ကာ ကိုက်ဖျတ်သည့်အတွက် ပျက်စီးမှုများရှိခဲ့ကြောင်းသိရသည်။

ယခုနှစ်ရာသီတွင် မုတ်သုန်မိုးရရှိမှု နည်းမည်ဟု မိုးဇလကျွမ်းကျင်သူများက ထုတ်ထားသည့်အတွက် စိုက်ပျိုးရေ ရရှိရေး အခက်အခဲ ရှိမည်ဖြစ်ကာ စစ်ကောင်စီက ဖိအားပေးတောင်းခံနေသည့် ကိုဗစ်ထောက်ပံကြေးငွေနှင့် စိုက်ဘဏ်ချေးငွေများကြောင့်လည်း တောင်သူလယ်သမားများမှာ အခက်အခဲ ကြုံဖိအားများရှိနေကြသည်ဟု ဧရာဝတီဒေသခံများက ဧရာဝတီတိုင်းမ်ကို ပြောသည်။
#မိုးစပါးစိုက်ပျိုးရန် #သွင်းအားစုရှားပါးမှုနှင့် #လုပ်သားရှားပါးမှုအတွက် #လယ်သမားများအခက်ကြုံ
#Ayeyarwaddy_Times