ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ) မေလ ၂၃ ရက်

တနသာ်ရီတိုင်း၊သရက်ချောင်းမြို့ ညောင်ဇင် ကျေးရွာမှ ရွှေ့ပြောင်းလုပ်သား ဇနီးမောင်နှံ နှစ် ဦးသည် ထိုင်နိုင်ငံတောင်ပိုင်း၊စူရတ်ဌာနီခရိုင်၊ချာယာမြို့၊ ပုဇွန်ကန်တွင် ယမန်နေ့ မေလ ၂၂ ရက် နံနက် ၄ နာရီခန့်အချိန်က ဓာတ်လိုက်ပြီး သေဆုံးသွားခဲ့ကြောင်း ဝပ်ဖိုင်ဝိုင်နာရေးကူညီမှုအသင်းထံမှထံမှ သိရသည်။

သေဆုံးသွားခဲ့သည့် ခင်ပွန်းဖြစ်သူမှာ ညောင်ဇင်စံပြကျေးရွာနေ အဖ-ဦးတင်ရွှေ၏ သား အသက် ၃၅ နှစ်အရွယ် ကိုသူရအောင် ဖြစ်ပြီး ဇနီးဖြစ်သူမှာထားဝယ်မြို့ လက်ဝဲကျွန်း ရပ်ကွက်တွင် နေထိုင်သော ဦးထွန်းလွင် ၏သမီး မမီးမီးထွေး အသက်-၃၁နှစ် တို့ဖြစ်ကြောင်း သိရသည်။

“သူတို့ ဇနီးမောင်နှံ နှစ်ဦးက တော့ ထားဝယ် မြို့ကပါ။ပုဇွန်ကန်မှာ မနက်စောစော အလုပ်လုပ်နေ ကြတာပါ။အဲဒီအချိန်မှာ တစ်ယောက်က မတော်တဆ မီးကြိုးနဲ့ထိမိပြီး ဓာတ်လိုက် နေတာကို နောက်တစ်ယောက်က သွားကူရင်း နှစ်ဦးစလုံး နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတယ်”လို့ ဝပ်ဖိုဝိုင် နာရေးကူညီမှုအသင်းက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ယင်း ကွယ်လွန် သူ ဇနီးမောင်နှံ နှစ်ဦးအား ဝပ်ဖိုနာရေးကူညီမှု့အသင်း မှ စူရတ်ဌာနီခရိုင် ချာယာမြို့၌ သွားရောက်သယ်ဆောင်ပေးခဲ့ပြီး ကန်ချနဒစ်မြို့ ဝပ်နိုင်လန် ဘုန်းကြီးကျောင်းသို့ ပို့ဆောင်ကူညီပေးထားကြောင်း သိရသည်။

ဓာတ်လိုက် သေဆုံးခဲ့သည့် ဇနီးမောင်နှံ နှစ်ဦးအား မေလ ၂၅ ရက်နေ့တွင် သဂြိုလ်သွားမည်ဖြစ်ကြောင်း နာရေးကူညီမှု တာဝန်ရှိသူ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ကေပြာသည်။
ဓာတ်ပုံ – ဝပ်ဖိုဝိုင် နာရေးကူညီမှုအသင်း
#ထိုင်းနိုင်ငံ #ရွှေ့ပြောင်းလုပ်သား #ဓာတ်လိုက်သေဆုံး #Ayeyarwaddy_Times