ဧရာဝတီတိုင်းမ်
မေလ ၂၂ ရက်
မျက်မှောက်ခေတ် ကမ္ဘာကြီးရဲ့ ပကတိအခြေအနေတွေနဲ့ကိုက်ညီဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ပြုပြင်ပြောင်းလဲဖို့ အချိန်ကျပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားလိုက်ပါ တယ်။
လုံခြုံရေးကောင်စီဟာ ၁၉၄၅ ခုနှစ် အာဏာပြိုင်ဆိုင်မှုကို ထင်ဟပ်စေပြီး အသစ်ပြင်ဆင်ဖို့ လိုအပ်နေပြီ လို့ G7 ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရာ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့က သတင်းစာရှင်းလင်းပွဲမှာ သူက ပြောပါတယ်။
“ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ခေတ်နောက်ကျနေပါပြီ။ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ကြောင့် စီးပွားရေးကျဆင်းမှုတွေဖြစ်ခဲ့ပြီး ကမ္ဘာ့လုံခြုံရေးအတွက် အဓိက တာဝန်ကို မဆောင်ရွက် နိုင်ခဲ့ပါဘူး” လို့ ဂူတာရက်စ်က ပြောပါတယ်။
ကုလသမဂ္ဂပဋိဉာည်အရ လုံခြုံရေးကောင်စီရဲ့ မူလတာဝန်တွေက နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ထိန်းသိမ်းဖို့ဖြစ်ပြီး ပြဿနာအချို့မှာ ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်တာ၊ အင်အားအသုံးပြုခွင့်ပေးတာ လုပ် ဆောင်နိုင်ပါတယ်။
လုံခြုံရေးကောင်စီမှာ အမြဲတမ်းအဖွဲ့ဝင် တရုတ်၊ ပြင်သစ်၊ ရုရှား၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတို့ ပါဝင်ပြီး အမြဲတမ်းအဖွဲ့ဝင်မဟုတ်တဲ့ ၁၀ နိုင်ငံ ပါဝင်သလို အဖွဲ့ဝင်တစ်နိုင်ငံဟာ တစ်ကြိမ် ဆန္ဒမဲပြုခွင့်ရှိပါတယ်။
G7 နိုင်ငံတွေရဲ့ စီးပွားရေးအင်အားက ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း ကြီးမားခဲ့ပြီး ၁၉၈၀ ခုနှစ်က ကမ္ဘာ့စီးပွား ရေး စုစုပေါင်း ပမာဏရဲ့ ၅၀ ဒသမ ၇ ရာခိုင်နှုန်းရှိရာ ယခုအခါ ၃၀ ရာခိုင်နှုန်းခန့်သာ ရှိပါတော့တယ်။
G7 အဖွဲ့ဝင်နိုင်ငံတွေက ကမ္ဘာပေါ်ရှိ ထွန်းသစ်စ စီးပွားရေးနိုင်ငံတွေရဲ့ အရေးကြီးဆုံးကိစ္စအချို့ကို ဆွေး နွေးနိုင်ခဲ့ပါတယ်” လို့ ဂူတာရက်စ်က ပြောပါတယ်။
G7 ထိပ်သီးဆွေးနွေးပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ဂျပန်နိုင်ငံက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၊ ဘရာဇီးသမ္မတ လူးဝစ်လူလာဒါဆေးဗားလ်နဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုတို့ကို အစည်းအဝေးသို့ ဧည့်သည်အ ဖြစ် ဖိတ်ကြားခဲ့ပါတယ်။
ကိုးကား – Dawn
Ref; UN chief says it’s time to reform Security Council