ဧရာဝတီတိုင်းမ်
မေလ ၂၂ ရက်
မြန်မာပြည်သူတွေ အထူးသဖြင့် ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ကြောင့် အသက်အိုးအိမ်စည်းစိမ်ပျက်စီး ခဲ့ရတဲ့ ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ Move Forward ပါ တီ ခေါင်းဆောင် ပီတလင်ဂျာရိုရန်ရာက တွစ်တာလူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
မုန်တိုင်းဘေးဒဏ်ကြောင့် ထိခိုက်ခံစားရတဲ့ပြည်သူတွေထံ လူသားချင်းစာနာတဲ့အကူအညီတွေ ပေးအပ် မှုကို အဆောတလျင်အမြန်ဆုံးဆောင်ရွက်ဖို့ ထိုင်းနိုင်ငံ ကြားကာလအစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကို တောင်းဆိုပါကြောင်း သူက ဆိုပါတယ်။
“သေရေးရှင်ရေးတမျှ အကူအညီတွေလိုအပ်နေတဲ့ မုန်တိုင်းဘေးသင့်ပြည်သူတေံကို ဦးစားပေးအနေနဲ့ ပ ထမဆုံး အထောက်အပံ့တွေပေးရမှာပါ။ ဒါဟာ ဝန်ကြီးချုပ်အသစ်အဖြစ် ရွေးကောက်ခံထားရတဲ့ ကျနော်ရဲ့ နိုင်ငံခြားရေးမူဝါဒအသစ်နဲ့ကိုက်ညီတဲ့ တောင်းဆိုချက်ဖြစ်ပါတယ်” လို့ ပီတက ရေးသားထားပါတယ်။
“ကျွန်တော်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒဟာ လူသားဘ၀လုံခြုံရေးစဉ်းစားချက်အပေါ် အာရုံစိုက်ပြီး အရေး ပါတဲ့ အင်အားစုတိုင်းနဲ့ ဆက်သွယ်ညှိနှိုင်းမယ့်မူဝါဒဖြစ်ပါတယ်။ ဒီလူသားဘ၀လုံခြုံရေး အခြေခံတဲ့မူဝါဒမှာ လူသားချင်း စာနာထောက်ထားမှုအပိုင်းနဲ့ စီးပွားရေး ဘ၀လုံခြုံတိုးတက်ရေး အပိုင်းတွေပါ ပါဝင်ပါတယ်” လို့ သူ က ပြောပါတယ်။
အဆိုပါမူဝါဒကို အကောင်အထည်ဖော်ရာမှာ ထိုင်း-မြန်မာနှစ်နိုင်ငံ၊ အာဆီယံအဖွဲ့ကြီးတခုလုံးအပြင် နိုင်ငံတကာ အသိုက်အမြုံအတွက်ပါ အပြန်အလှန်ငြိမ်းချမ်းရေးနဲ့ သာယာ၀ပြောရေးကို ဆောင်ကြဉ်းရရှိစေရေးဆို တဲ့အမြင်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ Move Forward ပါတီခေါင်းဆောင်ဟာ ညွန့်ပေါင်း အစိုးရဖွဲ့စည်းနိုင်ဖို့ အခြား အတိုက်အခံပါတီ ၈ ခုနဲ့ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်နေတာ အဆင်ပြေတယ်လို့ သ တင်းတွေက ဖော်ပြပါတယ်။
ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းနိုင်ရင် ပီတက ဝန်ကြီးချုပ်ရာထူးနဲ့ Move Forward ပါတီက အရေးပါတဲ့ နိုင်ငံ ခြားရေး၊ ဘဏ္ဍာရေးလိုမျိုး ရာထူးတွေကိုရယူနိုင်တယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။
ကိုးကား – Twitter
#Ayeyarwaddy_Times