ဧရာဝတီတိုင်းမ်
မေလ ၂၂ ရက်

မြန်မာ့အရေးနဲ့ပတ်သက်လို့ ငြိမ်းချမ်းပြီး တာရှည်ခံသော အဖြေတစ်ခု ရှာဖွေရာမှာ သက်ဆိုင်သူအားလုံး နဲ့ ထိတွေ့ဆက်ဆံတဲ့ အာဆီယံဥက္ကဌရဲ့ အခန်းကဏ္ဍကို ဗီယက်နမ်နိုင်ငံက ထောက်ခံပြီး အသိအမှတ်ပြုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗီယက်နမ် ဒုတိယအမြဲတမ်းကိုယ်စားလှယ် လီသီမင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးနဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ နေရပ်ပြန် ရေးလုပ်ငန်းစဉ် ဆောင်ရွက်နေတဲ့ အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုတယ်လို့ သူက ဆိုပါတယ်။

မြန်မာ့အရေး ဖြေရှင်းတဲ့လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံကိုယ်တိုင် ဉီးဆောင်ရမယ်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ မြန်မာ့အရေး အလွတ်သဘော အစည်းအဝေးမှာ လီသီမင်က ပြောပါတယ်။

မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းတွေက အာဆီယံအဖွဲ့ သဘောတူညီထားတဲ့ ဘုံသဘောတူညီ ချက် ၅ ရပ်ကို အပြည့်အဝ ထိထိရောက်ရောက် ဖော်ဆောင်ရမည်လို့ သူက ဆိုပါတယ်။

လိုအပ်သူတွေထံ ကယ်ဆယ်ရေးပစ္စည်းတွေ ရောက်ရှိနိုင်ဖို့ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေ ညှိ နှိုင်းဆောင်ရွက်ရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းက အာဆီယံအဖွဲ့၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်သလို မြန်မာနိုင်ငံရဲ့ အချုပ်အချာအာဏာ၊ လွတ်လပ်ရေး၊ ပိုင်နက်နယ်မြေတည်တံ့မှုနဲ့ စည်း လုံးမှုကို လေးစားသမှုရှိရမယ်လို့ ၎င်းက ထောက်ပြပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးလုပ်ငန်းစဉ်အတွက် ငွေကြေးပံ့ပိုးမှု တိုးမြှင့်ဖို့ နဲ့ တာရှည်ခံသော အဖြေရှာရာမှာ ညှိနှိုင်းဆောင်ရွက်ဖို့ သူက တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက လက်ရှိအခြေအနေအတွက် အဖြေတစ်ခုရှာဖွေရာမှာ တွေ့ဆုံဆွေးနွေးဖို့နဲ့ သဘောထား ကွဲလွဲမှုတွေ ကျဉ်းမြောင်းစေဖို့ ကုလသမဂ္ဂနဲ့ အာဆီယံအဖွဲ့ဝင်အနေနဲ့ ဗီယက်နမ်နိုင်ငံက ဆက်လက်လုပ်ဆောင် မယ်လို့ သူက ဆိုပါတယ်။

အစည်းအဝေးမှာ ကမ္ဘာ့နိုင်ငံကိုယ်စားလှယ်တွေက မြန်မာ့အရေးနဲ့ပတ်သက်လို့ စိုးရိမ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး အရပ်သားတွေအပေါ် အင်အားသုံးတိုက်ခိုက်တာနဲ့ အာဆီယံ အကူအညီပေးရေးယာဉ်တန်းအား တိုက်ခိုက်တာကို ရှုတ်ချခဲ့ပါတယ်။

အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ တင်းမာမှုတွေ ရှောင်ရှားဖို့၊ လူသားချင်းစာနာမှု အကူအညီနဲ့ ကျန်းမာ ရေးစောင့်ရှောက်မှု ပေးအပ်ခွင့်ပြုဖို့၊ နိုင်ငံတကာ လူသားချင်းစာနာမှုဉပဒေကို လိုက်နာဖို့၊ အရပ်သားတွေကို ကာ ကွယ်ဖို့၊ မြန်မာပြည်သူတွေရဲ့ မျှော်မှန်းချက်နဲ့အညီး သဘောထားကွဲလွဲမှုတွေကို ဆွေးနွေးမှု၊ ပြန်လည်ရင်ကြားစေ့ မှုတို့မှတစ်ဆင့် ဖြေရှင်းဖို့ ကိုယ်စားလှယ်တွေက မီးမောင်းထိုးပြခဲ့ပါတယ်။

ကိုးကား – Vietnam Plus
Ref; Vietnam vows to support Myanmar in promoting peaceful, sustainable solutions

#Ayeyarwaddy_Times