ဧရာဝတီတိုင်းမ်
မေလ ၂၁ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မေလ ၁၉ ရက်နေ့က အမျိုးသားတစ်ဦး လမ်းဘေးလဲကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။

အမှတ် ၁ ရပ်ကွက်၊ ငဝန်ကျွန်းသာ ၈ လမ်းက ဓမ္မာရုံ ဘေးမှာ လဲကျသေဆုံးနေတဲ့ အမျိုးသားကို ဒေသခံ ပရဟိတအဖွဲ့က ည ၈ နာရီလောက်မှာ ဆေးရုံပို့ဆောင်ပေးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

” အပူရှိန်ကြောင့်ထင်တယ်၊ ဓမ္မာရုံဘေးမှာသေနေတာ၊ ရပ်ကွက်ကပဲ ကားခေါ်ပြီးတော့ ဆေးရုံပို့လိုက်ရတာ”လို့ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဓမ္မာရုံဘေး လဲကျသေဆုံးနေတဲ့ အမျိုးသားဟာ အသက် ၄၀ ကျော်အရွယ်ဖြစ်ပြီး ဒေသခံတွေက မြင့်မြတ်ဂရုဏာ လူမှုကူညီရေးအဖွဲ့ကားကို အကူညီးတောင်းကာ ဆေးရုံပို့ဆောင်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာ မေလ ၁၉ ရက်နေ့ကလည်း အမျိုးသား တစ်ဦး အမှတ် ၃ ရပ်ကွက်မှာ လဲကျသေဆုံးခဲ့သေးတာကြောင့် တစ်ပတ်အတွင်း လမ်းဘေးသေဆုံးသူ ၂ ဦးထိရှိလာပြီ ဖြစ်ပါတယ်။

#ပုသိမ်မြို့ #အမျိုးသား၁ဦး #လမ်းဘေးလဲကျသေဆုံး၊ #တစ်ပတ်အတွင်း #သေဆုံးသူ၂ဦးထိရှိလာ
#Ayeyarwaddy_Times