ဧရာဝတီတိုင်းမ်
မေလ ၂၀ ရက်

ကိုဗစ်အတည်ပြုလူနာ ၁၀၀ ကျော်တွေ့ရှိထားတဲ့ ဧရာဝတီတိုင်းမှာ စစ်ကောင်စီခန့်ထားတဲ့ တိုင်းဝန်ချုပ်က ကိုဗစ်စည်းကမ်းနဲ့အညီနေထိုင်ခြင်းမရှိဘဲ လူစုလူဝေးနဲ့ပွဲတွေကို ဆက်တိုက်ဆိုသလိုပြု လုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သင်္ကြန်မှာ စစ်ကောင်စီက လူစည်လူဝေးနဲ့ ပွဲလမ်းသဘင်တွေကို ကျင်းပပြီးနောက်ပိုင်း ဧပြီလကုန်ပတ်က စတင်ကာ ကိုဗစ်ရောဂါအတည်ပြုလူနာတွေ ပြန်လည်တွေ့ရှိမှုများပြားလာပြီးနောက်ပိုင်း ဧရာဝတီတိုင်း မှာလည်း ကိုဗစ်အတည်ပြုလူနာတွေ့ရှိမှု ၁၀၀ ကျော်ထိရှိလာခဲ့တာပါ။

“ ခုချိန်မျိုးမှာတော့ ပွဲမလုပ်သင့်တော့ဘူး၊ မဖြစ်မနေလုပ်ရမယ်ဆိုရင် ဒါစည်းကမ်းချက်တွေအနဲ့ အညီ လုပ်သင့်တယ်၊ ခုက မက်(စ်)တပ်တဲ့သူကတပ် မတပ်သူက မတပ်နဲ့ အကုန်လုံးအစုလိုက်အပြုံလိုက် ကူးသွားနိုင်တယ်”လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီခန့် တိုင်းဝန််ကြီးချုပ်ရဲ့ ပြုလုပ်တဲ့ ပွဲတွေ အခမ်းအနားတွေမှာ ကိုဗစ်စည်းကမ်းချက်တွေနဲ့ အညီ နေထိုင်တဲ့ပုံစံမျိုး ပြုလုပ်ထားပေမယ့် လက်တွေ့မှာ စည်းကမ်းလိုက်နာမှုအားနည်းတာတွေ့ရတယ် လို့ ဆိုပါတယ်။

သင်္ကြန်အပြီး ပြန်လည်တွေ့ရှိတဲ့ ကိုဗစ်ရောဂါပိုးဟာ လူသေဆုံးမှုနည်းတာကြောင့် ပြည်သူတွေအနေနဲ့ စည်းကမ်းလိုက်နာမှု အားနည်းနေချိန်မှာ တိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း စည်းကမ်းလိုက်နာပြီး နေထိုင်သင့်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောဆိုပါတယ်။

တကျော့ပြန်ကိုဗစ်လှိုင်းမှာ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်က ကိုဗစ်အတည်ပြုလူနာတစ်ဦး မေလ ၆ ရက်နေ့က သေဆုံးခဲ့တယ်လို့ ဒေသခံပရဟိတအသင်းအဖွဲ့ဆီက သိရပါတယ်။
#ကိုဗစ်အတည်ပြုလူနာ၁၀၀ကျော် #တွေ့ရှိထားတဲ့ #ဧရာဝတီတိုင်း #စစ်ကောင်စီခန့်ဝန််ကြီးချုပ် #Maskမတပ် #ပွဲတွေဆက်တိုက်လုပ်
#Ayeyarwaddy_Times