ဧရာဝတီတိုင်းမ်
မေလ ၂၀ ရက်

F-16 တိုက်လေယာဉ်တွေ အပါအဝင် ခေတ်မီဂျက်တိုက်လေယာဉ်တွေ ယူကရိန်းသို့ ပေးပို့မယ့်အပြင် ယူ ကရိန်းလေယာဉ်မှူးတွေကိုလည်း လေ့ကျင့်ပေးသွားမယ်လို့ အမေရိကန်နိုင်ငံက ပြောပါတယ်။

ယူကရိန်းသို့ ခေတ်မီ ဂျက်တိုက်လေယာဉ်တွေ ပေးပို့ပြီး ယူကရိန်းလေယာဉ်မှူးတွေကို လေ့ကျင့်ပေးမယ့် အစီအစဉ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဂျပန်နိုင်ငံသို့ရောက်ရှိနေတဲ့ G7 ခေါင်းဆောင်တွေကို ပြောပြခဲ့ တယ်လို့ အိမ်ဖြူတော် အကြီးတန်းတာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ ဂျက်တိုက်လေယာဉ်တွေ ပေးပို့မယ့်ဆုံးဖြတ်ချက်က ဝေဟင်ကို ကာကွယ်ရာမှာ ယူ ကရိန်းစစ်တပ်ကို ကြီးမားစွာ အထောက်အကူဖြစ်စေမယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။

F-16 တိုက်လေယာဉ်တွေ အပါအဝင် ခေတ်မီဂျက်တိုက်လေယာဉ်တွေ ပေးပို့ဖို့ အမေရိကန်နိုင်ငံက အ တည်ပြုလိုက်တာကြောင့် အခြားနိုင်ငံတွေကလည်း ယူကရိန်းသို့ F-16 ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့နိုင် တော့မှာဖြစ်ပါတယ်။

ရုရှားကျူးကျော်စစ်ကို ခုခံရာမှာ အထောက်အပံ့ဖြစ်စေမယ့် ခေတ်မီ ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့ ဖို့ ယူကရိန်းက အနောက်နိုင်ငံတွေထံ မကြာခဏဆိုသလို တောင်းဆိုခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ ခေတ်မီဂျက်တိုက်လေယာဉ်တွေ ပေးပို့ဖို့အတည်ပြုမှုက သမိုင်းဝင်ဆုံးဖြတ်ချက်တစ် ခုလို့ ဇီလန်စကီးက ပြောကြားခဲ့ပြီး ဟီရိုရှီးမားမြို့မှာပြုလုပ်နေတဲ့ G7 ထိပ်သီးဆွေးနွေးပွဲမှာ အစီအစဉ်ကို လက် တွေ့ကျကျ အကောင်အထည်ဖော်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

ယူကရိန်း တိုက်လေယာဉ်မှူးတွေကို လေ့ကျင့်ပေးရာမှ ကူညီပေးနိုင်တော့မယ်လို့ ဒိန်းမတ်နိုင်ငံက ပြော ကြားပေမယ့် ယူကရိန်းသို့ ဂျက်တိုက်လေယာဉ်တေွ ပေးပို့ခြင်း ရှိ မရှိကိုတော့ အတည်မပြုပါဘူး။ ဒိန်းမတ်လေ တပ်ဖွဲ့မှာ F-16 ဂျက်တိုက်လေယာဉ် ၄၀ စင်းရှိပြီး လက်ရှိမှာ အစင်း ၃၀ ကို သုံးနေပါတယ်။

ယူကရိန်းလေတပ်မှာ တိုက်လေယာဉ် အစင်း ၁၂၀ ဝန်းကျင်ရှိပေမယ့် အများစုက ဆိုဗီယက်ပြည်ထောင် စုခေတ် MiG-29 တွေနဲ့ Su-27 တိုက်လေယာဉ်တွေဖြစ်ပါတယ်။

ယူကရိန်းလေတပ်ထက် ခြောက်ဆခန့် အင်အားကြီးမားတဲ့ ရုရှားလေတပ်ကို ရင်ဆိုင်နိုင်ဖို့ ယူကရိန်းက ခေတ်မီ ဂျက်တိုက်လေယာဉ် အစင်း ၂၀၀ လိုအပ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုးကား – BBC
Ref; Ukraine war: US to support providing F-16 fighter jets to Ukraine

#Ayeyarwaddy_Times