ဧရာဝတီတိုင်းမ်
မေလ ၂၀ ရက်

ဉပဒေချိုးဖောက်တဲ့ ဘယ်ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီကိုမဆို စင်ကာပူက အရေးယူမယ်လို့ စင်ကာပူအ ခြေစိုက် စီးပွားရေးလုပ်ငန်းတွေမှတစ်ဆင့် မြန်မာစစ်တပ်ထံ ဒေါ်လာ ၂၅၄ သန်းတန်ကြေးရှိ စစ်လက်နက်တွေ ပေးပို့ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာတစ်ရပ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက တုံ့ပြန်လိုက်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကြား မြန်မာစစ်တပ်ထံ လက်နက်တွေပို့ဆောင်ရာမှာ စင်ကာပူအစိုးရက ပါဝင်ခဲ့တယ်ဆိုတဲ့ အချက်တွေတော့မရှိဘူးလို့ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်ပြသူ တွမ် အန်ဒရူးက ပြောပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်လက်နက်တွေနဲ့ လက်နက်တွေထုတ်လုပ်ဖို့ ကုန် ကြမ်းတွေ ဒေါ်လာ တစ်ဘီလီယံဖိုးထက်မနည်း ပြည်ပကနေ ဝယ်ယူခဲ့တယ်လို့ တွမ်အန်ဒရူးက ပြောပါတယ်။

မြန်မာစစ်တပ်ထံ စစ်လက်နက်တင်ပို့တဲ့နိုင်ငံတွေထဲမှာ ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေလည်း ပါဝင်ခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ စင်ကာပူအခြေစိုက် ကုမ္ပဏီ ၄၅ ခုမှတစ်ဆင့် မြန်မာစစ်တပ်ထံ စစ်လက်နက်တွေ တင်ပို့ခဲ့တဲ့ တွေ့ရှိချက် ကို အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။

စင်ကာပူရှိဘဏ်တွေက အစိုးရရဲ့ပိတ်ပင်ချက်နဲ့အညီ မြန်မာနိုင်ငံသို့ စစ်လက်နက်တွေ ရောင်းချတာ၊ လွှဲပြောင်းပေးတာတွေမှာ ပါဝင်တာမရှိဘူးလို့ စင်ကာပူ ငွေကြေးရန်ပုံငွေအသင်း ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။

စင်ကာပူဉပဒေအရ မည်သည့်ပြစ်မှုတွေ ကျူးလွန်ခဲ့ခြင်း ရှိ မရှိ စုံစမ်းစစ်ဆေးဖို့ အချက်အလက်တွေ ထောက်ပံ့ပေးတဲ့ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်ပြသူရဲ့ ကြိုးပမ်းမှုတွေကို စင်ကာပူက ချီးကျူးတယ်လို့ သူက ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ လက်နက်မဲ့ပြည်သူတွေ လက်နက်အင်အားအသုံးပြုတဲ့ဖြိုခွင်းမှုကို စင်ကာပူက ဆန့် ကျင်ခဲ့ပြီး မြန်မာ့အရေး ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်နဲ့အညီ မြန်မာနိုင်ငံသို့ လက်နက်တွေ တင်ပို့တာကို တားဆီးဖို့ လုပ်ဆောင်ခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

တရားစီရင်ပိုင်ခွင့်အတွင်း မြန်မာစစ်တပ်ထံ လက်နက်နဲ့ကုန်ကြမ်းတွေတင်ပို့မှုအားလုံး ပိတ်ပင်ဖို့ တွမ် အန်ဒရူးက စင်ကာပူအစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ကိုးကား – The Straits Times
Ref; S’pore says it will not hesitate to take action after UN report flags shipments to Myanmar military

#Ayeyarwaddy_Time