ဧရာဝတီတိုင်းမ်
မေလ ၂၀ ရက်

မြန်မာနိုင်ငံရှိ ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ဘေးသင့် အသိုင်းအဝိုင်းတွေအတွက် လူသားချင်းစာနာမှု အကူ အညီ စတာလင်ပေါင် ၂ သန်း ထပ်တိုး ထောက်ပံ့မယ်လို့ ဗြိတိန်အစိုးရက ယနေ့ ပြောကြားလိုက်ပါတယ်။

ယခုငွေကြေးအထောက်အပံ့နဲ့ သန့်ရှင်းသောရေနဲ့ မုန်တိုင်းသင့်ပြည်သူ ၁၇၅၀၀၀ အတွက် နေစရာ ထောက်ပံ့ပေးမှာဖြစ်တယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ကြောင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းရှိ ထိခိုက်လွယ်အုပ်စုများ ဘေးသင့် ခဲ့ပြီး သေဆုံးသူတွေထဲမှာ ရိုဟင်ဂျာတွေ အများအပြား ပါဝင်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ ပြည်သူ ၁၇ ဒသမ ၆ သန်းဟာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေပြီး ၁ ဒသမ ၈ သန်းကျာ် အိုးအိမ်စွန့်ခွာခဲ့ရကာ ၁၅ သန်းခန့် စားနပ်ရိက္ခာအကူအညီ လိုအပ် နေတယ်လို့ ဆိုပါတယ်။

အကူအညီ အလိုအပ်ဆုံးသူတွေကို ပံ့ပိုးကူညီဖို့ ဗြိတိန်နိုင်ငံဟာ ယခင်က ပြည်တွင်းနဲ့ နိုင်ငံတကာမိတ် ဖက်တွေထံ စတာလင်ပေါင် ၆၅၀၀၀၀ ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။

“ဆိုင်ကလုန်းမုန်တိုင်း ‘မိုခါ’ ဟာ ရိုဟင်ဂျာတွေ အပါအဝင် ထိခိုက်လွယ် အသိုင်းအဝိုင်းတွေကို ထိခိုက် ပျက်စီးမှုတွေ ဖြစ်စေခဲ့ပါတယ်” လို့ ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုးရေးဝန်ကြီး အန်ဒရူးမစ်ချဲလ်က ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံက နေစရာ သို့မဟုတ် သောက်သုံးရေမရရှိတဲ့ ထောင်ပေါင်းများစွာသော ပြည်သူတွေကို ထောက်ပံ့ဖို့ ဗြိတိန်နိုင်ငံက စတာလင်ပေါင် ၂ သန်း ထောက်ပံ့ပေးပါတယ်။ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက မြေပြင်ရှိ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် အသက်ရှင်သူတွေလိုအပ်တဲ့ အကူအညီတွေ မြန် မြန်ဆန်ဆန် ပေးအပ်နိုင်မှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

၂၀၁၇ ခုနှစ်နောက်ပိုင်း ဗြိတိန်နိုင်ငံက ရခိုင်ပြည်နယ်ရှိ မြန်မာအသိုင်းအဝိုင်းတွေက စတာလင်ပေါင် ၈၁ သန်းတန်ကြေးရှိ သောက်သုံးရေ၊ အရေးပေါ်စားနပ်ရိက္ခာ၊ အာဟာရနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပံ့ပိုးပေး ခဲ့ပါတယ်။

စတာလင်ပေါင် သန်း ၃၀ ခန့် ရန်ပုံငွေထောက်ပံ့မှုကို ရိုဟင်ဂျာနဲ့ အခြား မူဆလင်လူနည်းစုတွေအတွက် တိုက်ရိုက် ပံ့ပိုးပေးခဲ့တာဖြစ်ပါတယ်။

ကိုးကား – The National News
Ref; UK provides £2m in aid for victims of Cyclone Mocha in Myanmar

#Ayeyarwaddy_Times