ဧရာဝတီတိုင်းမ်
မေလ ၂၀ ရက်

ယူကရိန်းသို့ စစ်ရေးအကူအညီ ထပ်မံ ပေးအပ်မယ်လို့ နော်ဝေ ကာကွယ်ရေးဝန်ကြီး ဘီဂျွန်အာရေးဂရမ် က မေလ ၁၈ ရက်မှာ ကြေညာခဲ့လိုက်ပါတယ်။

နော်ဝေနိုင်ငံက ဗြိတိန်နိုင်ငံရှိ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးတဲ့အစီအစဉ်မှာ ပါဝင်နေမှုကို အ ရှိန်မြှင့်သွားမယ်လို့ သူက ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘင်ဝေါလေ့နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါ တယ်။

ဗြိတိန်ဉီးဆောင်တဲ့ ယူကရိန်းဆိုင်ရာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ဗြိတိန်ဉီးဆောင်တဲ့ ယူကရိန်း တပ်ဖွဲ့ဝင်သစ်တွေ လေ့ကျင့်ပေးရေး အစီအစဉ် Operation Interflex မှတစ်ဆင့် နော်ဝေက ယူကရိန်းသို့ စစ်ရေး အကူအညီတွေ ပေးအပ်နေတယ်လို့ သူက ဆိုပါတယ်။

“နော်ဝေနိုင်ငံဟာ ဗြိတိန်ဉီးဆောင်တဲ့ ယူကရိန်းဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှတစ်ဆင့် စဉ်ဆက်မပြတ် စစ်ရေးအကူအညီတွေ ပေးအပ်နေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဒီနှစ်နွေရာသီမှစပြီး နော်ဝေနိုင်ငံက Operation Interflex မှာ စစ်ရေးနည်းပြအရေအတွက်ကို နှစ်ဆတိုးမြင့်မှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

နော်ဝေနိုင်ငံက ယူကရိန်းစစ်တပ်သို့ တာဝေးပစ်အမြောက်ကြီးတွေနဲ့ ရေဒါစနစ်တွေ ထောက်ပံ့မယ်လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

“နော်ဝေနိုင်ငံက ယူကရိန်းသို့ Arthur ရေဒါစနစ်သုံးစုံနဲ့ MLRS တာဝေးပစ်လက်နက်ကြီးတွေ ထောက်ပံ့ မှာဖြစ်ပါတယ်။ ဒီလိုထောက်ပံ့မှုတွေကို ဗြိတိန်နိုင်ငံနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်တာဖြစ်ပါ တယ်” လို့ သူက ဆိုပါတယ်။

အမေရိကန်လုပ် HIMARS ဒုံးကျည်တွေ၊ M-270 ဘက်စုံသုံး ဒုံးပစ်စနစ်တွေလိုမျိုး MLRS တာဝေးပစ် လက်နက်ဟာ ကီလိုမီတာ ၈၀ အကွာရှိ ပစ်မှတ်တွေကို ထိမှန်အောင်ပစ်ခတ်နိုင်ပါတယ်။

ယူကရိန်းစစ်တပ်ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ဗြိတိန်နိုင်ငံထံမှ MLRS တာဝေးပစ်လက်နက်တွေ အများအပြား ရရှိခဲ့ပါတယ်။

ကိုးကား – Pravda
Ref; Norway will give up to 8 M-270 MLRS to Ukraine and will step up training Ukrainian soldiers

#Ayeyarwaddy_Times