ဧရာဝတီတိုင်းမ်
မေလ ၁၉ ရက်
ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အဓိက အတိုက်အခံ Move Forward ပါတီက ညွန့် ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းရေးအတွက် အခြား အတိုက်အခံပါတီငါးခုနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပြုလုပ်တဲ့ ထိုင်းအထွေထွေရွေးကောက်ပွဲမှာ Move Forward ပါတီက အောက် လွှတ်တော်မှာ အမတ်နေရာအများစု အနိုင်ရရှိခဲ့ပါတယ်။
ပြည်ပမှာတိမ်းရှောင်နေရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာရဲ့ သမီးဖြစ်သူဉီးဆောင် တဲ့ Pheu Thai ပါတီက အမတ်နေရာ ဒုတိယအများဆုံး အနိုင်ရရှိခဲ့ပါတယ်။
လက်ရှိမှာ စစ်တပ်လိုလားတဲ့ပါတီတွေ ဉီးဆောင်နေတဲ့ ထိုင်းနိုင်ငံမှာ စစ်တပ်ရဲ့ နိုင်ငံရေးသြဇာ လွှမ်းမိုးမှု ကို Move Forward ပါတီက ဖယ်ရှားလိုပါတယ်။
Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်ဟာ မနေ့က ဗန်ကောက်မြို့တော်မှာ ညွန့်ပေါင်း အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးအတွက် အတိုက်အခံပါတီ ၅ ခုမှ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဆွေးနွေးမှုတွေ အဆင်ပြေချောမွေ့ခဲ့တယ်လို့ ပီတာက ဆိုပေမယ့် အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောခဲ့ခြင်းမရှိပါဘူး။
Move Forward နဲ့ Pheu Thai ပါတီတို့ကြား တော်ဝင်မိသားစုကို စော်ကားမော်ကားလုပ်တာကို တား မြစ်တဲ့ဉပဒေနဲ့ပတ်သက်လို့ ကိစ္စအချို့မှာ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။ Move Forward ပါတီက အဲဒီ ဥပဒေကို ပြင်ဆိုင်လိုပါတယ်။
Move Forward ပါတီက အတိုက်အခံ နိုင်ငံရေးပါတီတွေကို ညွန့်ပေါင်းအစိုးရမှာ ပူးပေါင်းကြဖို့ ဖျောင်းဖျ ပြီး စစ်တပ်လိုလားတဲ့ အစိုးရနေရာမှာ အစားထိုးနိုင်ခြင်း ရှိ မရှိ စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဓာတ်ပုံ – Nikkeia Asia
ကိုးကား – NHK
Ref; Opposition parties hold coalition talks following Thai election