ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊မေလ ၁၈ ရက်
NLD အစိုးရလက်ထက်က တနင်္သာရီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမြင့်စန်းမှာ ယမန်နေ့ မေလ ၁၇ ရက်နေ့ မနက်ပိုင်းက ကွယ်လွန်သွားကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
၎င်းမှာ အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်ပြီး စစ်အာဏာသိမ်းပြီးချိန်ကတည်းက ထိုင်းနိုင်ငံ၊ ပကျွတ်မြို့တွင် ရှောင်တိမ်းနေရစဥ် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်သည် NLD ပါတီနှင့် နီးစပ်သူများက ပြောသည်။
“သူကနေမကောင်းဖြစ်နေတာပေါ့။နေမကောင်းဖြစ်လို့ ဆေး သွားစစ်မှ ကင်ဆာရောဂါဖြစ်နေမှန်းသိတယ်။သူ့မှာဖြစ်တဲ့ ကင်ဆာရောဂါက သရက်ရွက်ကင်ဆာပေါ့။သိလို့ဆေးသွားစစ်တဲ့ အချိန်ဟာ ကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေမှန်း သိရတယ်”ဟု ၎င်း၏ မိသားစုနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
ဦးမြင့်စန်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်းက လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာရှိ သူ့ရဲ့နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဦးမြင့်စန်းရဲ့ စျာပန အခမ်းအနားကို မေလ ၂၀ ရက် စနေနေ့ ၊နေ့လည် ၁၂ နာရီတွင် ထိုင်းနိုင်ငံ၊ပူကစ်မြို့၊ကော့စလေဘုန်းတော်ကြီးကျောင်း၌ မီးသဂြိုလ် မည်ဖြစ်ကြောင်း သိရသည်။
#တနင်္သာရီ #NLD #စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီး #ထိုင်းနိုင်ငံ #ရှောင်တိမ်း #ကွယ်လွန်
#Ayeyarwaddy_Times