ဧရာဝတီတိုင်းမ်
မေလ ၁၇ ရက်
ယူကရိန်းသို့ ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့ရာမှာ နိုင်ငံတကာ ညွ့န်ပေါင်းအဖွဲ့တစ်ခု ဖွဲ့စည်းကြဖို့ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနတ်ခ်နဲ့ နယ်သာလန်ဝန်ကြီးချုပ် မတ်ခ်ရတ်တေးတို့က မေလ ၁၆ ရက်မှာ ကတိပြုခဲ့ပါ တယ်။
“ယူကရိန်းသို့ တိုက်လေယာဉ်တွေ ထောက်ပံ့ရာမှာ နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့တစ်ခု ဖွဲ့စည်းဖို့နဲ့ အက်ဖ် -၁၆ ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူရေးကနေ လေ့ကျင့်ရေးအထိ လိုအပ်သမျှ ပံ့ပိုးကူညီကြဖို့ ဝန်ကြီးချုပ်နှစ်ဉီး က သဘောတူခဲ့ပါတယ်” လို့ အိုက်စလန်နိုင်ငံမှာပြုလုပ်တဲ့ ဉရောပကောင်စီ ထိပ်သီးဆွေးနွေးပွဲအပြီး ထုတ်ပြန် ချက်တစ်ခုအတွင်း ဗြိတိန်ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောကြားခဲ့ပါတယ်။
ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်ပွဲမှာ အသုံးပြုဖို့ ယူကရိန်းသို့ တိုက်လေယာဉ်တွေထောက်ပံ့ဖို့ နိုင်ငံတကာ ညွန့် ပေါင်းအဖွဲ့တစ်ခု ဖွဲ့စည်းရေးနဲ့ပတ်သက်လို့ အကောင်းမြင်ထားတယ်လို့ သမ္မတ ဇီလန်စကီးက လန်ဒန်မြို့တော် ပြင်ပရှိ နေအိမ်မှာ ဆူနတ်ခ်နဲ့ တွေ့ဆုံပြီးနောက် ပြောကြားပါတယ်။
ရုရှားကျူးကျော်စစ်ကို ခုခံတွန်းလှန်နေရတဲ့ ယူကရိန်းနိုင်ငံသို့ ခေတ်မီ ဂျက်တိုက်လေယာဉ်တွေ ထောက် ပံ့ပေးဖို့ အနောက်နိုင်ငံတွေက ပြင်ဆင်နေကြပါတယ်။
ယူကရိန်းလေယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့ လေယာဉ်မောင်းသင်တန်းကျောင်းတစ်ခု ဖွင့်လှစ်ဖို့ ပြင် ဆင်နေတယ်လို့ ဆူနတ်ခ်က ပြောကြားခဲ့ပါတယ်။
ပြင်သစ်သမ္မတ အီမန်နျူရယ်မေခရွန်ကလည်း ယူကရိန်း တိုက်လေယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့ ကမ်း လှမ်းခဲ့ပေမယ့် ယူကရိန်းသို့ တိုက်လေယာဉ်တွေ ပေးပို့ဖို့တော့ ငြင်းဆန်ခဲ့ပါတယ်။
ယူကရိန်းဟာ နေတိုးအဖွဲ့ဝင်ဖြစ်နိုင်တဲ့ အလားအလာရှိပြီး အနာဂတ်မှာ တိုက်ခိုက်မှုတွေကို ဟန့်တား နိုင်မယ့် ကတိကဝတ်ပေးဖို့ ယူကရိန်းသို့ ရေရှည် လုံခြုံရေးအကူအညီ ပေးအပ်နိုင်ဖို့ ခေါင်းဆောင်တွေက သဘော တူခဲ့တယ်လို့ ဆူနတ်ခ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဓာတ်ပုံ/ကိုးကား – The Defense Post
Ref; UK and Dutch Pledge Fighter Jet Support for Ukraine