ဧရာဝတီတိုင်းမ်
(ရခိုင်ပြည်နယ်)၊ မေလ ၁၈ ရက်
မိုခါဆိုင်ကလုံးမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် ကေအိုင်အို၊ MNDJP/MNDAA၊ အမျိုးသားညီညွတ်ရေးအစိုးရတို့မှ မုန်တိုင်းကယ်ဆယ်ရေးအလှူငွေများ ပေးအပ်ခဲ့ကြောင်း ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်က မေလ ၁၇ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။
ရက္ခိုင်ဒေသသို့ မေလ ၁၄ ရက်နေ့ကဝင်ရောက်တိုက်ခတ်ခဲ့သည့် ဆိုင်ကလုံးမုန်တိုင်း မိုခါကြောင့် ကြီးမားစွာ ပျက်စီးဆုံးရှုံးမှုများကို ရင်ဆိုင်ခဲ့ရပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပေးအပ်လှူဒါန်းခဲ့သည့် လူသားချင်းစာနာမှုဆိုင်ရာအလှူငွေများကို ကောင်းမွန်စွာ လက်ခံရရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည့်။
ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွက် ကေအိုင်အိုဗဟိုဌာနချုပ်မှ ငွေကျပ်သိန်းသုံးထောင်၊ အမှန်တရားနှင့်တရားမျှတာသောအမျိုးသားပါတီ/မြန်မာအမျိုးသားမဟာမိတ်ဒီမိုကရက်တစ်တပ်မတော် (MNDJP/MNDAA) မှ ငွေကျပ်သိန်းတစ်ထောင်၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ငွေကျပ်သိန်းတစ်ထောင် အသီးသီး ပေးအပ်လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။
မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်သူများဒုက္ခရောင်နေချိန် ယခုကဲ့သို့ ပံ့ပိုးကူညီကူညီမှုအပေါ် ရခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့်လည်း ကျေးဇူးတင်ရှိပါကြောင်း ရက္ခိုင်ပြည်သူလူထုကိုယ်စား ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှ ထုတ်ပြန်ချက်တွင် လက်မှတ်ရေးထိုး ဖော်ပြထားပါသည်။
ထို့အပြင် မိုခါမုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများအမြော်အမြားရှိသည်ဘအတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီနိုင်ရန် ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာနှစ်သိန်းကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ(USAID)မှတစ်ဆင့် အမေရိကန်ပြည်ထောင်စုမှ ပေးအပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အမေရိကန်သံရုံးမှ ထုတ်ပြန်ထားသည်။
ဓာတ်ပုံ- မိုခါ မုန်တိုင်းကြောင့်ပျက်စီးသွားသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ထဲက မြင်ကွင်းများ။
#ရခိုင်ပြည်နယ် #KIO #MNDJP #MNDAA #NUG #AA
#Ayeyarwaddy_Times