ဧရာဝတီတိုင်းမ်
မေလ ၁၇ ရက်

ဆွစ်ဇာလန်နိုင်ငံက ဆီးရီးယား၊ အီရန်နဲ့ မြန်မာနိုင်ငံမှ စစ်ဗိုလ်ချုပ်ကြီးတွေကို ဒဏ်ခတ်အရေးယူတဲ့ စာ ရင်းထဲ ထပ်သွင်းလိုက်တယ်လို့ သိရပါတယ်။

ဆွစ်ဇာလန်နိုင်ငံရဲ့ ဒဏ်ခတ်အရေးယူမှုခံရတဲ့ စစ်ကောင်စီဗိုလ်ချုပ်ကြီးတွေထဲမှာ အမှတ် ၂ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်လည်း ပါဝင်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်ဟာ အမှတ် ၃၃ ခြေမြန်တပ်မရဲ့ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ၊ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်မှုအ တွက် တာဝန်ရှိသူဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်အရေးယူလိုက်တဲ့ နောက်ထပ်တစ်ဉီးကတော့ အမှတ် ၈ ရဲလုံခြုံရေးတပ် ရင်းရဲ့တပ်မှူး သန့်ဇင်ဉီးဖြစ်ပါတယ်။

သူဟာလည်း ရိုဟင်ဂျာတွေကို မတရား သတ်ဖြတ်မှု၊ ရိုဟင်ဂျာနေအိမ်တွေကို စနစ်တကျ မီးရှို့မှုတွေ အ ပါအဝင် အမှတ် ၈ ရဲလုံခြုံရေးတပ်ရင်းရဲ့ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် ရက်စက် ကြမ်းကြုတ်မှုတွေ၊ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံရဲ့ ဒဏ်ခတ်အရေးယူခံရတဲ့ နောက်တစ်ဉီးကတော့ တြိဂံဒေသတိုင်းမှူးဟောင်း အမှတ် ၄ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်လှိုင်ဖြစ်ပါတယ်။ သူဟာလည်း အမှတ် ၉၉ ခြေမြန်တပ်မရဲ့ ၂၀၁၆ ခုနှစ်အတွင်း ရှမ်းပြည်နယ်မှာ တိုင်းရင်းသားကျေးရွာတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ တာဝန်ရှိသူဖြစ်ပါတယ်။

ဒဏ်ခတ်အရေးယူခံရသူ နောက်တစ်ဉီးကတော့ ရိုဟင်ဂျာတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံရဲ့ အရေးယူမှုမှာပါဝင်တဲ့ နောက်တစ်ဉီးကတော့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမှာ ရွေး ကောက်ခံ အရပ်သားအစိုးရကိုဖြုတ်ချရာမှာ ပါဝင်ခဲ့တဲ့ စစ်ကောင်စီခန့် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြ ထွန်းဉီးဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်အရေးယူမှုစာရင်းထဲ ဖြည့်သွင်းလိုက်တဲ့သူတွေထဲမှာ စစ်ကောင်စီ လေတပ် ချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ပြုတ်သွားတဲ့ ပြည်ထဲရေးဒုဝန်ကြီးနဲ့ ရဲချုပ်ဟောင်း ဒုတိယဗိုလ်ချုပ် ကြီး သန်းလှိုင်၊ စစ်ကောင်စီအဖွဲ့ဝင်တွေဖြစ်တဲ့ မန်းငြိမ်းမောင်၊ ဉီးသိန်းညွန့်၊ ဉီးခင်မောင်ဆွေ၊ ဒေါ်အေးနုစိန်၊ ဂျန်ဖောင်နော်တောင်၊ စိုင်းလွန်းဆန်၊ စောဒန်နီယယ်လ်၊ ဗညားအောင်မိုး၊ စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဟောင်း ဉီးချစ်နိုင်၊ စစ်ကောင်စီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဉီးဝင်းရှိန်၊ ရေတပ်ချုပ်ဟောင်း ဉီးတင်အောင် ဆန်း၊ စစ်ကောင်စီခန့် ရှေ့နေချုပ်ဟောင်း ဒေါ်သီတာဉီး၊ စစ်ကောင်စီဝန်ကြီး ဉီးအောင်နိုင်ဉီး၊ ဒေါ်သက်သက်ခိုင်နဲ့ စစ်တိုင်းမှူးတွေဖြစ်တဲ့ ဗိုလ်ချုပ် နီလင်းအောင်၊ အောင်ဇော်အေးနဲ့ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဉီးသန်း ဆွေတို့လည်း ပါဝင်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ FPJVC လို့ခေါ်တဲ့ သစ်တောထွက်ပစ္စည်းဖက်စပ်ကော်ပိုရေးရှင်းလီမိတက်ကို လည်း ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်အရေးယူစာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။

ဓာတ်ပုံ/ကိုးကား – https://www.europeansanctions.com
Ref; Switzerland makes Syria listings & amends Iran & Myanmar designations