ဧရာဝတီတိုင်းမ်
မေလ ၁၇ ရက်
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ကနေ မုံရွာမြို့သို့ ပတ်စပို့စ်စာအုပ်လာရောက်လုပ်ကိုင်တဲ့ လူငယ် ၅၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဆိုပါ လူငယ် ၅၃ ဦးဟာ စစ်ကိုင်းမြို့၊ စခန်းသာ ကိုရီးယားဘာသာစကားသင်တန်းကျောင်းကနေ ဧပြီလ ၂၄ ရက်နေ့မှာ မုံရွာမြို့က်ို ပတ်စပိုစ့်စာအုပ် သွားရောက်လုပ်ကိုင်ချိန် မုံရွာမြို့မှာပဲ ဖမ်းဆီးခံလိုက်ရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ (၅၃) ဦးမှာ စစ်တပ်နဲ့ ရဲများ၏ သားသမီးများ အပါအဝင် အသက် (၂၀) ဝန်းကျင်ရှိ လူငယ် (၅၁) ဦးနဲ့ ချောင်းဦးမြို့မှ ဂိုက်ဆရာ (၂) ဦး ဖြစ်တယ်လို့ သိရပါတယ်။
“သူတ်ို့က ကိုရီးယား နိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်ကြမယ့် ကလေးတွေပါ။ PDF နဲ့ပတ်သက်တယ်ဆိုပြီး ဖမ်းလိုက်ကြတာ။ ခွေးဘီလူးကားပေါ်မှာ လူငယ် ၈ ဦးက်ိုတော့ လက်ပြန်ကြိုးတုတ်ပြီး မျက်စိကို Mask အပြာနဲ့အုပ်ပြီး ခေါ်သွားတယ်။ ဘယ်နေရာကိုခေါ်သွားပြီး စစ်နေတယ်ဆိုတာတော့ မသိရပါဘူး။ ကျန်တဲ့သူတွေကတော့ အချုပ်ထဲမှာပါ” လို့ မုံရွာမြို့မ ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောပါတယ်။
လက်ရှိ စစ်ကြောရေးမှာ စစ်ဘက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး(စ.ရ.ဖ) ၃ ဦးက လူငယ် ၅၃ ဦးကိုစစ်ဆေးနေတာဖြစ်ပြီး လူငယ်တစ်ဦးလျှင် ကျပ်ငွေသိန်း ၃၀ ဖြင့် လာရောက်ရွေးယူမှသာ ပြန်လွှတ်ပေးမှာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါ့ပြင် ဖမ်းဆီးခံထားရတဲ့ လူငယ် ၅၃ ဦးဟာ မုံရွာမြို့မရဲစခန်းမှာအလှည့်ကျ ခေါ်ထုတ်ပြီး စစ်ကြောရေးမှာ စစ်ဆေးခံနေရသလို ရက်ပေါင်း ၂၀ ကျော်ကြာတဲ့အထိ တစ်ဦးမှ ပြန်လည်လွတ်မြောက်လာချင်း မရှိသေးဘူးလိို့ဒေသခံတွေက ပြောပါတယ်။
#မုံရွာ #ပတ်စပို့စ် #လူငယ်၅၀ကျော်ဖမ်းဆီးခံရ၊ #ဖမ်းဆီးခံရတဲ့အထဲမှာ #စစ်တပ်နဲ့ရဲသားသမီးများပါဝင်
#Ayeyarwaddy_Times