ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၃ ရက်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ မိန်းမကြွယ်ကျေးရွာအနီးကမ်းခြေတွင် စစ်ကောင်စီရေတပ်သုံး မပေါက်ကွဲသေးသည့် တော်ပီဒို ၁ လုံး ယနေ့ဇူလိုင်လ မနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံများထံကသိရသည်။

ဇူလိုင်လပထမပတ်အတွင်း စစ်ကောင်စီတပ်မှ ရခိုင် ကမ်းရိုးတန်းဒေသပင်လယ်ပြင်တွင် ရေငုတ်သင်္ဘောအပါအဝင် ရေတပ်နှင့် လေတပ်ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းများပြုလုပ်ကာ ရေတပ်သင်္ဘောနှင့် ရေငုတ်သင်္ဘောများမှ ပစ်ခတ်လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။ယင်းကဲ့သို့ ပစ်ခတ်လေ့ကျင့်ပြီးနောက် အဆိုပါမပေါက် ကွဲသေးသည့် တော်ပီဒို ကို ယနေ့တွင် ဒေသခံများကတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ မပေါက်ကွဲသေးသည့် တော်ပီဒိုနှင့် ပတ်သက်၍ ဒေသခံများက စိုးရိမ်မှုများရှိနေပြီး စစ်ကောင်စီတပ်ကို လာရောက်စစ်ဆေးရန် အကြောင်းကြားထားသဖြင့် စစ်ကောင်စီတပ်မှ လာရောက်စစ်ဆေးနေသည်ဟု ရခိုင် ပြည်နယ် အခြေစိုက်သတင်းဌာနများကဖော်ပြသည်။

ဓာတ်ပုံ – CJ