
ဧရာဝတီတိုင်းမ်
(မင်းတပ်)၊ ဇူလိုင်လ ၁၃ ရက်
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ CDF-Mindatထံသို့ ဇူလိုင်လ(၁၀)ရက်နေ့တွင် စစ်ကောင်စီတပ်သား(၁)ဦးလက်နက်အပြည့်အစုံဖြင့် လာရောက်ခိုလှုံခဲ့ကြောင်း CDF-Mindatက သတင်းထုတ်ပြန်သည်။
“CDF-Mindatမှတဆင့် ပြည်သူ့ရင်ခွင်သို့ လက်နက်အပြည့်အစုံဖြင့် (၁၀-၇-၂၀၂၂)ရက်နေ့တွင် လာရောက်ခိုလှုံလာသော ခရမ(၅၁၂)မှ ရဲဘော်တစ်ဦးအား CDF-Mindatမှ သိန်း(၅၀)ချီးမြင့်ပြီး နွေးထွေးစွာ ကြိုဆိုခဲ့သည်”ဟု ယနေ့ ဇူလိုင်လ(၁၃)ရက်နေ့တွင် CDF-Mindatက သတင်းထုတ်ပြန်ထားသည်။
CDF-Mindatထံသို့ လာရောက်ခိုလှုံလာသော စစ်ကောင်စီတပ်သားသည် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ တီကျစ်အခြေစိုက် ခမရ(၅၁၂)၊ တပ်ခွဲ(၄)မှ တပ်သားဇင်လင်းအောင်ဖြစ်ပြီး ၎င်းဆန္ဒအရ လွတ်မြောက်နယ်မြေသို့ ဘေးကင်းစွာ ပို့ဆောင်ခဲ့ပြီဖြစ်ကြောင်း CDF-Mindatမှ တာဝန်ခံတစ်ဦးက ဧရာဝတီတိုင်းမ်သတင်းဌာနကို အတည်ပြုပြောကြားသည်။
တပ်သားဇင်လင်းအောင်သည် MA-(1)(23078)တစ်လက်၊ ကျည်ဘောက် (၃)ခု၊ ကျည်တောင့်-(၁၂၃)တောင့်၊ ဗုံးသီး-(၂)လုံး၊ အီကွန်းမဲင်း-(၁)စုံတို့နှင့်အတူ CDF-Mindatထံသို့ လာရောက်ခိုလှုံခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။