ဗီအာတီ/ဧရာဝတီတိုင်းမ်
(ကန်ပလက်)၊ ဇူလိုင်လ ၁၃ ရက်

ချင်းပြည်နယ်၊ ကန်ပလက်မြို့၊ စစ်ကောင်စီလက်အောက်ခံဌာနဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံးနှင့် မြို့နယ်အခြေခံပညာအထက်တန်းကျောင်းတို့မှာ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဇူလိုင်လ(၁၁)ရက်၊ (၁၂)ရက်တို့တွင် CDF-Kanpetletမှ မြို့တွင်းပြောက်ကြားစစ်ဆင်ရေးတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦးသေဆုံးခဲ့ကြောင်း CDF-Kanpetletမှ သတင်းထုတ်ပြန်သည်။

“ဇူလိုင်လ(၁၁)ရက်နေ့၊ နေ့လည်(၁၂)နာရီခန့်က စပြီး မြို့ထဲမှာ သေနတ်သံတွေ ကြားရတယ်ပေါ့နော်၊ သေနတ်သံကြားပြီးတဲ့ နောက်ပိုင်းမှာ ဘယ်သူမှ အပြင်မထွက်ရဲကြတော့ဘူး၊ တစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်နေပါတယ်၊ ပြီးတော့ ဇူလိုင်လ(၁၂)ရက်နေ့၊ နေ့လည်(၁၁)နာရီခန့်မှာ သေနတ်သံတွေ ထပ်ကြားရတယ်၊ မြို့တွင်းသေနတ်သံတွေကြောင့် မြို့ပေါ်မှာ နေထိုင်တဲ့ ပြည်သူလူထုအကုန်နီးပါးကတော့ လက်ရှိအချိန်ထိ တောတောင်ထဲကို တိမ်းရှောင်ထွက်ပြေးနေကြတယ်”လို့ ကန်ပလက်မြို့၊ ဒေသခံတစ်ဦးက ဧရာတီတိုင်းမ်ကို ပြောသည်။

ကန်ပလက်မြို့၊ မြို့တွင်းပျောက်ကြားစစ်ဆင်ရေးတိုက်ခိုက်မှုတွင် CDF-Kanpetletဘက်မှ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ကြောင်းသိရပြီး CDF-Kanpetletရေရှည်ရပ်တည်နိုင်ရန်နှင့် မြို့တွင်းတိုက်ပွဲများ ဆက်လက်ဆင်နွှဲနိုင်ရန်အတွက် မိဘပြည်သူများ၏ အကူအညီများကို Canpetlet Time Newsမှ တစ်ဆင့်လှူဒါန်းနိုင်ကြောင်း CDF-Canpetletမှ သတင်းထုတ်ပြန်ထားသည်။