ဧရာဝတီတိုင်းမ်
မေလ ၁၇ ရက်
စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ အာဏာရပါတီတွေက အထွေထွေရွေးကောက်ပွဲမှာ အပြတ် အသတ် ရှုံးနိမ့်ပြီးနောက် ထိုင်းဝန်ကြီးချုပ် ပရာယွပ်ချန်အိုချာက ပြည်သူတွေ စည်းလုံးညီညွတ်ကြဖို့ တောင်းဆို လိုက်ပါတယ်။
လက်ရှိဝန်ကြီးချုပ် ပရာယွပ်ချန်အိုချာရဲ့ United Thai Nation ပါတီက အမတ်နေရာ ၅၀၀ ရှိတဲ့ အောက် လွှတ်တော်မှာ အမတ်နေရာ ၃၆ နေရာသာ အနိုင်ရရှိခဲ့ပါတယ်။
ရွေးကောက်ပွဲမှာ အနိုင်ရရှိတဲ့ အတိုက်အခံပါတီတွေကို ပရာယွပ်ချန်အိုချာက ချီးကျူးခဲ့ပြီး အစိုးရသစ် တစ်ရပ် ဖွဲ့စည်းပြီးချိန်အထိ ဝန်ကြီးချုပ်တာဝန် ဆက်လက်ထမ်းဆောင်မယ်လို့ ဆိုပါတယ်။
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲဆောင်ရွက်ကြဖို့လည်း သူက ပြည်သူတွေကို ပန်ကြားခဲ့ပါ တယ်။ “ဘာပဋိပက္ခမှမဖြစ်ဘဲ တိုင်းပြည်တွင်း ချစ်ခြင်းမေတ္တာ၊ စည်းလုံးညီညွတ်မှုနဲ့ တည်ငြိမ်မှု တည်ဆောက်ရာ မှာ လက်တွဲကြဖို့ ထိုင်းပြည်သူတွေကို တောင်းဆိုပါတယ်” လို့ သူက ပြောပါတယ်။
နိုင်ငံရေးနယ်ပယ်မှာ ဆက်လက်ပါဝင်နေခြင်းရှိ မရှိဆိုတဲ့ မေးခွန်းကိုတော့ ပရာယွပ်ချန်အိုချာက ဖြေ ကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။
အောက်လွှတ်တော်မှာ အမတ်နေရာ ၁၅၂ နေရာအထိ အများဆုံး အနိုင်ရရှိခဲ့တဲ့ အတိုက်အခံ The Move Forward ပါတီဟာ မေလ ၁၅ ရက်က ဗန်ကောက်မြို့တော်မှာ အောင်ပွဲတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။
The Move Forward ပါတီကို ဉီးဆောင်သူကတော့ တိုးတက်သော စိတ်ကူးသစ်တွေနဲ့ မဲဆွယ်ခဲ့ပြီး ထိုင်း နိုင်ငံရဲ့နိုင်ငံရေးမှာ စစ်တပ်ရဲ့လွှမ်းမိုးမှုကို ဝေဖန်ခဲ့တဲ့ အသက် ၄၂ နှစ်အရွယ် ဟားဗတ်တက္ကသိုလ်ဘွဲ့ရ ပီတာလင် ဂျာရိုရတ် ဖြစ်ပါတယ်။
The Move Forward ပါတီက အကြီးမားဆုံး အတိုက်အခံ နိုင်ငံရေးပါတီ Pheu Thai နဲ့ ညွန့်ပေါင်းတစ် ရပ် ဖွဲ့စည်းနိုင်ခြင်း ရှိ မရှိကို စောင့်ကြည့်နေကြပါတယ်။
Pheu Thai ပါတီကို ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ သမီးဖြစ်သူက ဉီးဆောင်ပြီး ထိုင်းအထွေ ထွေရွေးကောက်ပွဲမှာ အမတ်နေရာ ၁၄၁ နေရာနဲ့ ဒုတိယနေရာမှ အနိုင်ရရှိခဲ့ပါတယ်။
စစ်တပ်ကရွေးချယ်တဲ့ အဖွဲ့ဝင်တွေနဲ့ဖွဲ့စည်းထားတဲ့ အထက်လွှတ်တော်ရဲ့ထောက်ခံမှုနဲ့ စစ်တပ်လိုလား တဲ့ နိုင်ငံရေးပါတီတွေက ဝန်ကြီးချုပ်သစ် ရွေးချယ်ဖို့လည်း ဖြစ်နိုင်ဆဲဖြစ်ပါတယ်။
ကိုးကား – NHK
Ref; Thai PM Prayut calls for unity after election defeat