ဧရာဝတီတိုင်းမ်
မေလ ၁၇ ရက်
မိုခါဆိုင်ကလုန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်ခံရပြီးနောက် တစ်မြို့လုံးနီးပါးပျက်စီးခဲ့သည့်ရခိုင်ပြည် နယ်၊ စစ်တွေမြို့၌ အိမ်ဆောက်ပစ္စည်းများ အဆ မတန်ဈေးမြင့်တက်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
မုန်တိုင်းတိုက်ခတ်ခံရပြီး နှစ်ရက်အကြာတွင် စစ်တွေမြို့ပေါ်၌ ယခုလိုအိမ်ဆောက်ပစ္စည်းဈေးနှုန်းများ တရိပ်ရိပ် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
“သံမှိုတစ်ပိဿာကို ငါးသောင်းပေး၀ယ်နေရတယ်။ ပိုက်ဆံရှိတဲ့သူဆိုရင်တော့ဟုတ်တာပေါ့။ ကိုယ်တွေ ကျအရမ်အခက်အခဲဖြစ်တယ်။ ဒါတောင်ပစ္စည်းက ပြတ်နေပြီ။ မနက်ကမှ ဈေးတွေထိုးတက်တာ။ လာကူ ညီပေးတဲ့သူ၊ အလကားပေးတဲ့သူမရှိပါဘူးဗျာ”ဟု စစ်တွေမြို့ လမ်းမတောင်ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါသွပ်ရိုက်သံ(သံမှို)တစ်ပိဿာလျှင် ကျပ် ၆၀၀၀ ၀န်း ကျင်ဖြစ်သော်လည်း ယခုအခါတွင် ငါးသောင်းနီးပါးဖြစ်နေပြီး၊ သွပ်တစ်ချပ်လျှင် ငွေကျပ် နှစ်သောင်းအထိပေး၀ယ် နေရကြောင်းနှင့် မိုးကာလိပ်တစ်လိပ်လျှင် သုံးသိန်းနီး ပါးအထိ ဈေးများအဆမတန်မြင့်တက်လျက်ရှိ ကြောင်း သိရသည်။
ထို့အပြင် စားသောက်ကုန်ဖြစ်သည့် ဆန်ဈေးနှုန်း လည်းအဆမတန်မြင့်တက်မည်ကိုမူ ဒေသခံများ အနေဖြင့်စိုးရိမ်လျက်ရှိသည်။
“ဆန်ဂိုထောင်တွေက ကမ်းနားလမ်းဘက်မှာများတယ်။ ခုဆို အကုန်ပျက်စီးကုန်ရောပေါ့။ ပစ္စည်းတွေ ကမ၀င် ရှိတာတွေကို အဆမတန်တင်ရောင်းရင် ကျွန်တော်တို့ အငတ်နေရမှာပဲ။ ကိုယ်မှမ၀ယ်နိုင်ဘဲ” ဟု ၎င်းမှပြောသည်။
ရခိုင်ပြည်မြောက်ပိုင်းသည် မုန်တိုင်းတိုက်ခတ်ခံရမှု ကြောင့် ၉၀ ရာခိုင်နှုန်းခန့် ပြိုကျပျက်စီးခဲ့ပြီး အခြေခံစားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများကို ရောင်း၀ယ်ဖောက်ကားနေကြသည့် ကုန်သည်များအနေဖြင့်လည်း ယခုလိုပြည်သူများအခက်အခဲကြုံ နေချိန်တွင် အခွင့်အရေးယူကာ အဆမတန်ဈေးနှုန်း မြှင့်တင် ရောင်းချခြင်းများမလုပ်ကြရန် (ULA/AA)ဘဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၁၆ ရက်နေ့ကပြု လုပ်သည့် ရခိုင်ပြည်သူများသို့ ပြောကြားသည့် မိန့် ခွန်းတွင် ပြောကြားခဲ့သည်။
Photo-ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အိမ်ဆောက်ပစ္စည်းဆိုင်တွင် ပြည်သူများတန်းစီ၀ယ်ယူနေသည့်မြင်ကွင်း
#ရခိုင်#စစ်တွေ#မုန်တိုင်း#အိမ်ဆောက်ပစ္စည်း# ဈေးနှုန်းမြင့်တက်#ခက်ခဲနေ
#Ayeyarwaddy_Times