ဧရာဝတီတိုင်းမ်
မေလ ၁၆ ရက်
မနေ့ကထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ ဘာသာရေးလွတ်လပ်ခွင့်အပေါ် ကန့်သတ်ချက်တွေကြောင့် တရုတ်နဲ့မြန်မာဟာ အပြင်းအထန် ဝေဖန်ခံနေရပါတယ်။
ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တွေက ဘာသာရေးအ ဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
တရုတ်နိုင်ငံက ကွန်မြူနစ်ပါတီရဲ့ အယူဝါဒနဲ့အညီ ဘာသာရေးအယူဝါဒအားလုံးကို သွတ်သွင်းဖို့ ကြိုး ပမ်းနေတယ်လို့ ကမ္ဘာ့နိုင်ငံနဲ့ ဒေသကြီး ၂၀၀ နီးပါးရဲ့ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေကို သုံးသပ်လေ့လာ တဲ့ ၂၀၂၂ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာက ဖော်ပြပါတယ်။
တရုတ်အစိုးရက လူနည်းစု ဝီဂါမူဆလင်တွေ၊ အနောက်ပိုင်း တိဘက်ဒေသရှိ ဗုဒ္ဓဘာသာဝင်တွေနဲ့ ခရစ် ယာန်ဘာသာဝင်တွေအပေါ် ဖိနှိပ်ခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
“တရုတ်အစိုးရက ဝီဂါမူဆလင်တွေကို ပြန်လည်ပညာပေးရေးစခန်းတွေမှာ အကျဉ်းချပြီး နှိပ်စက်ခဲ့ပါ တယ်။ တိဘက်ဗုဒ္ဓဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေကိုလည်း ဆက်လက် ဖိနှိပ်နေပါတယ်” လို့ အမေရိ ကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က မေလ ၁၅ ရက်မှာ မိန့်ခွန်းတစ်ခုအတွင်း ပြောကြားခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ အဆိုပါအစီရင်ခံစာမှာ အာဆီယံဒေသတွင်းက မြန်မာနိုင်ငံသာ ပါဝင်ခဲ့ပြီး အာဏာ သိမ်းစစ်ကောင်စီက စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေရာ ဒေသတွေက ဘာသာရေးအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါ တယ်။
“မြန်မာစစ်တပ်ရဲ့ ဘာသာရေးလူနည်းစုတွေအပေါ် စဉ်ဆက်မပြတ် တိုက်ခိုက်မှုတွေကြား ထောင်နဲ့ချီတဲ့ ဘာသာပေါင်းစုံက ဘာသာရေးဆရာတွေက ဘာသာရေးလွတ်လပ်ခွင့်နဲ့ ဘာသာအချင်းချင်းကြား လေးစားသမှုရှိ ဖို့ ဆက်လက်သင်ကြားပေးနေပါတယ်” လို့ အန်တိုနီဘလင်ကန်က ပြောပါတယ်။
စစ်ကောင်စီဆန့်ကျင်ရေး PDF တွေနဲ့ ပတ်သက်တယ်ဆိုတဲ့သံသယနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကို ထိန်းသိမ်းခဲ့သလို အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်တစ်ဝှမ်း အကျဉ်းထောင်အသီးသီးမှာ ဒါဇင်နဲ့ချီတဲ့ ဘာသာရေးခေါင်းဆောင်တွေကို အကျဉ်းချထားပါတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေ သကြီးမှာ ဘာသာရေးဝတ်ပြုကျောင်းတွေ၊ ဗလီတွေနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း အများအပြားကို ဖျက် ဆီးခဲ့ပါတယ်။
ဓာတ်ပုံ/ကိုးကား – RFA
Ref; China, Myanmar criticized for attacks on religious freedom in annual U.S. reportဂ