ဧရာ၀တီတိုင်းမ်
မေလ ၁၆ ရက်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၌ စစ်ရှောင်ဒုက္ခ သည်ပေါင်း ၃၀၀၀ ကျော်နေထိုင်သည့် တိန်ညိုစစ်ဘေးရှောင်စခန်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ၁၀၀ ရာခိုင်နှုန်းပြည့် ပျက်စီးသွားကြောင်း စစ်ရှောင် များကို ကူညီပေးနေသူများထံက သိရသည်။
မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက စတင်တိုက်ခတ်ခဲ့သည့် မိုခါ ဆိုက်ကလုံးမုန်တိုင်းကြောင့် တိန်ညိုစစ်ဘေးရှောင်စခန်းမှာ ရာနှုန်းပြည့် ပျက်စီးခဲ့သည့်အပြင် ပျောက်ဆုံးနေသူများလည်း ရှိကြောင်း သိရသည်။
“အကုန်ပျက်စီးသွားတာပါ။ လူသေတာတော့မသိရသေးဘူး။ ပျောက်နေတဲ့သူတွေ ရှိတယ်လို့ သိရတယ်။ ဒုက္ခသည်တွေအတွက် ဘယ်လိုပြန်ထူထောင်ရမလဲတောင် မသိတော့ဘူး။ နူရာဝဲစွဲပါပဲဗျာ”ဟု စစ်ဘေး ရှောင်များကို ကူညီပေးနေသူတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
အဆိုပါ တိန်ညိုစစ်ရှောင်စခန်းသည် ရခိုင်ပြည်နယ်တွင် အကြီးဆုံး စစ်ဘေးဒုက္ခ သည်စခန်းဖြစ်ပြီး ကျေး ရွာပေါင်း ၁၀ ရွာမှာ ဒုက္ခသည် ၃၀၀၀ ကျော်နေထိုင်သည့် စခန်းတစ်ခုဖြစ်ကာ မုန်တိုင်းတိုက်ခတ်မှုကြောင့် လူအသေအပျောက် စာရင်းကိုမူ မသိရှိရသေးပေ။
မိုခါဆိုင်ကလုန်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် ရသေ့တောင်မြို့ တစ်ခုလုံး ၁၀၀ ရာခိုင်နှုန်းပျက်ဆီး ခဲ့ပြီး လူသေဆုံးမှုများလည်းရှိကြောင်း မြေပြင်တွင် ကူညီကယ်ဆယ်ပေးနေသည့် ပရဟိတအဖွဲ့များထံက သိရသည်။
စစ်ကောင်စီကမူ မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၆ ဦးအထိရှိပြီး လူနေအိမ် ၈၆၄ လုံး၊ သာသနိကအဆောက်အဦ ၁၁ လုံး၊ ဘုန်းကြီး ကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေး တာဝါတိုင် ၇ ခု၊ ဓာတ်တိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာရုံး ၃၈ လုံး ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။
Photo- မြောက်ဦးမြို့နယ်ရှိ လူပေါင်း ၃၀၀၀ ကျော်ရှိသည့် တိန်ညိုစစ်ရှောင် စခန်းပျက်စီးမှုမြင်ကွင်း
#ရခိုင် #မြောက်ဦး #တိန်ညိုစစ်ရှောင်စခန်း #မုန်တိုင်း #ရာနှုန်းပြည့်ပျက်စီး #Ayeyarwaddy_Times