ဧရာဝတီတိုင်းမ်
မေလ ၁၅ ရက်
ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာအများစု အနိုင်ရရှိခဲ့တဲ့ Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရတ်က မြန်မာ့အရေးနှင့်ပတ်သက်ပြီး ဦးစားပေးမယ့်အချက်တွေကို ယနေ့နေ့လယ်ပိုင်းကပြုလုပ် တဲ့ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဖြေရှင်းဖို့ အမေရိကန်နိုင်ငံက ပြဋ္ဌာန်းထားတဲ့ Burma Act အပါအဝင် နိုင်ငံတကာနှင့်ပူးပေါင်းရမယ်လို့ ပီတာလင်ဂျာရိုရတ်က ပြောပါတယ်။
Burma Act က အရေးကြီးသကဲသို့ နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ပြီး စစ်ကောင်စီအပေါ် လုံလောက်တဲ့ ဖိအားနှင့် မက်လုံးများပေးပြီး ဖြေရှင်းမယ်လို့ သူက ဆိုပါတယ်
မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဖို့ အရေးကြီးပြီး ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ဆောင်ဖို့ ထိုင်းနိုင်ငံက တွန်းအားပေးမယ်လို့ သူက ပြောပါ တယ်။
“ထိုင်းနိုင်ငံရဲ့ ပါဝင်ပတ်သက်မှုမရှိဘဲ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်က မအောင်မြင်နိုင်ပါဘူး။ ထိုင်းနဲ့ မြန်မာကြား လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လမ်းကြောင်းဖွင့်ပါ့မယ်။ ဒီလိုလုပ်ဆောင်နိုင်ဖို့ ဥပဒေတွေအရ လုပ်ဆောင်နိုင်သလို အတိတ်ကာလတွေမှာလည်း လုပ်ဆောင်ခဲ့ပါတယ်” ပီတာလင်ဂျာရိုရတ်က ဆိုပါတယ်။
ထိုင်းအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲအရေအတွက် ၉၉ ရာခိုင်နှုန်းကို ရေတွက်ပြီးချိန်မှာ Move Forward ပါတီက အောက်လွှတ်တော်မှာ အမတ်နေရာ ၁၅၁ နေရာ အနိုင်ရရှိထားကာ ပထမနေရာတွင် ဦးဆောင်ထားပြီး ပါတီခေါင်းဆောင်ဖြစ်တဲ့ ပီတာလင်ဂျာရိုရတ်က ဝန်ကြီးချုပ်တာဝန်ယူဖို့ အသင့်ဖြစ်နေပြီလို့ ပြောကြားထားပါ တယ်။
ဓာတ်ပုံ – RZN
ကိုးကား – The Standard