ဧရာဝတီတိုင်းမ်
မေလ ၁၅ ရက်
မြန်မာစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေက စကားလုံးနဲ့တောင် မဖော်ပြနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာ ၂၀၂၃ ခုနှစ် ဧပြလအတွင်းက တစ်မနက်ခင်းမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်က ပဇီကြီးကျေးရွာရှိ အခမ်းအနား တစ်ခု တက်ရောက်နေတဲ့ လူအုပ်ပေါ်ကို စစ်ကောင်စီ လေယာဉ်တစ်စင်းက ပြင်းအားမြင့် မီးလောင်ဗုံးတစ်လုံး ကြဲ ချခဲ့တာကြောင့် ကလေးငယ်တွေ အပါအဝင် လူ ၁၇၀ နီးပါး သေဆုံးခဲ့ပါတယ်။
အာဆီယံအဖွဲ့က အာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရှုတ်ချခဲ့သလို မေလ ၁၀ ရက်က အင်ဒိုနီးရှားနိုင်ငံမှာပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲက ကြေညာချက်တစ်ရပ် ထုတ်ပြန်ကာ မြန် မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တောင်းဆိုခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်သမားတွေရဲ့ အခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်တာလို့ပြော ပြီး တိုက်ခိုက်မှုကို ကာကွယ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီလေကြောင်းတိုက်ခိုက်မှုဟာ ကလေးငယ် တွေ အပါအဝင် အရပ်သားတွေကို ရမ်းသမ်းပြီး ပစ်မှတ်ထားတိုက်ခိုက်တာကြောင့် လူသားချင်းစာနာမှုရှုထောင့် ကတောင် ဘယ်လိုမှ လက်သင့်ခံစရာမရှိပါဘူး။
မေလ ၁၉ ရက်မှစပြီး ဟီရိုရှီးမားမြို့တော်မှာကျင်းပမယ့် G7 ထိပ်သီးဆွေးနွေးပွဲမှာ ဂျပန်ဝန်ကြီးချုပ် ဖူ မီယိုကီရှီဒါက မြန်မာ့အရေးကို အဓိက ဆွေးနွေးရမယ့်ကိစ္စတစ်ခုအဖြစ် တင်ပြသင့်ပါတယ်။ မြန်မာဗိုလ်ချုပ်ကြီး တွေ စိတ်နှလုံးပြောင်းလဲသွားစေဖို့ ကမ္ဘာ့အင်အားကြီး စက်မှုဖွံ့ဖြိုးပြီး G7 နိုင်ငံတွေက ထိရောက်တဲ့ ဒဏ်ခတ်အ ရေးယူမှုတွေ ပြုလုပ်ရမှာဖြစ်ပါတယ်။
ဧပြီလလယ်မှာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုရဲ့ ရုံးခန်းဖွင့်လှစ်ပွဲကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီ ရဟတ်ယာဉ်တွေက အဆိုပါနေရာကို စက် သေနတ်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ သေဆုံးသူတွေရဲ့ အလောင်းတွေကောက်နေချိန်မှာ စစ်ကောင်စီက နောက်ထပ် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးနေက် အတိုက်အခံတွေက ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF) တွေကို ဖွဲ့စည်းခဲ့ပါတယ်။ PDF တွေဟာ အင်အားတောင့်တင်းလာခဲ့ပြီး အာဏာသိမ်းစစ်ကောင် စီကို လက်နက်စွဲကိုင် တွန်းလှန်နေပါတယ်။
လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးရတာ မြေကြီးလက် ခတ်မလွဲဖြစ်ပါတယ်။ သို့သော်လည်း အစိုးရတစ်ရပ်လို့ ကြွေးကြော်ထားသူတွေက အရပ်သားတွေကို လေ ကြောင်းကနေ တိုက်ခိုက်တာဟာ ဘယ်လိုမှ လက်သင့်ခံစရာမရှိပါ။ ကလေးငယ်တွေကို လေကြောင်းကနေ တိုက် ခိုက်တာဟာ ဘယ်လိုမှ လက်သင့်ခံစရာမရှိပါ။
မြန်မာ့အရေး အခြေအနေဆိုးရွားလာစေတဲ့ အချက်တစ်ချက်မှာ မြန်မာ့ပဋိပက္ခမှာ ရုရှားနဲ့တရုတ်ရဲ့ ပါ ဝင်ပတ်သက်မှုပဲ ဖြစ်ပါတယ်။ တရုတ်နဲ့ရုရှားက အာဏာသိမ်းစစ်ကောင်စီကို စစ်ရေးနဲ့ နိုင်ငံရေးအရ တက်တက် ကြွကြွ ထောက်ခံပေးနေပါတယ်။
အရပ်သားတွေအပေါ် တိုက်ခိုက်ရာမှာ အသုံးပြုခဲ့တဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေကို ရုရှားနိုင်ငံက ထုတ်လုပ်ပါတယ်။ ကိုယ့်ကိုကိုယ် ဝန်ကြီးချုပ်ပြန်အပ်ခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာ ဏာသိမ်းပြီးနောက် ရုရှားနိုင်ငံသို့ ၃ ကြိမ် သွားရောက်ခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂေါင်က မေလ ၂ ရက်မှာ မြန်မာနိုင်ငံသို့သွားရောက်ချိန် အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံကာ တရုတ်နိုင်ငံက လိုအပ်သမျှ အကူအညီပေးမယ်လို့ ကတိပြုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အရပ်သားတွေ သေဆုံးတာကို ရုရှား၊ တရုတ် သို့မဟုတ် အာဏာသိမ်းစစ်ကောင်စီကို ထိခိုက်စေပုံ မရှိပါဘူး။
မြန်မာနိုင်ငံမှာ အရပ်သားတွေ သေဆုံးတာဟာ တရုတ်နိုင်ငံရဲ့ တီယန်မင်ရင်ပြင်ဖြစ်စဉ်နဲ့ တူနေပါတယ်။ အဲဒီအချိန်က တရုတ်စစ်တပ်ဟာ ဒီမိုကရေစီအရေး တောင်းဆိုနေတဲ့ ကျောင်းသားတွေ၊ အရပ်သားတွေကို အစု လိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပါတယ်။ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်မှာလည်း အလားတူဖြစ်စဉ် ဖြစ်ပွားခဲ့ပါ တယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာ့အရေး ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ် ချမှတ်ကာ မြန်မာနိုင်ငံသို့ စစ်လက်နက်တွေတင်ပို့မှု ပိတ်ပင်ဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆုံးဖြတ်ချက်မူကြမ်း မဲခွဲရာမှာ တရုတ် နဲ့ရုရှားက ကြားနေမဲပေးခဲ့တာကြောင့် လက်တွေ့မှာ ထိရောက်မှုမရှိခဲ့ပါဘူး။
အခုအခါ G7 ဉီးဆောင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ဒဏ်ခတ်အရေးယူမှုတွေ အပါအဝင် မြန်မာ့အ ရေး ဖြေရှင်းနိုင်ရေး စုပေါင်းအားထုတ်ရမှာဖြစ်ပါတယ်။ မြန်မာစစ်တပ်အပေါ် ဖိအားပေးမှု တိုးမြှင့်ပြီး အရေးယူရ မှာဖြစ်ပါတယ်။
ကိုးကား – Japan Forward
Ref; Violence by Myanmar Regime Can Only be Ended by G7-Led Int’l Campaign