ဧရာဝတီတိုင်းမ်
မေလ ၁၅ ရက်
ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်မှာ မေလ ၁၄ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိပြီး အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကွင်းသုံးဆင့်ကျေးအုပ်စု၊ တန်ဇောင်ရိုးကျေးရွာပုသိမ်-မုံရွာကားလမ်းမဘေးမှာ နေ့လည်(၁)နာရီအချိန်မှာ လေပြင်းတိုက်ပြီး သစ်ပင်ပိကာလူတစ်ဦးသေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“သုံးဘီးယာဥ်က ပုသိမ်ဘက်ကလာတယ်ပြောတယ်။ သူတို့ မောင်းလာနေတုန်း မိုင်တိုင် (၁၃/၇)နားမှာ လေပြင်းတိုက်ပြီး မလေးရှားပိတောက်ပင်ကလဲပြီးတည့်တည့်ကြတာ၊ မောင်းတဲ့လူတော့မထိခိုက်ဘူးနောက်က ခရီးသည်ကတော့ ပွဲခြင်းပြီးသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မလေးရှားပိတောက်ပင်လဲကျပြီး သေဆုံးသွားသူမှာ ကိုဇော်ဇော်ဆိုသူလို့ သိရပြီး သုံးဘီးယာဥ်ကို မောင်းနှင်လာသူမှာ ကိုအောင်ကိုမင်းဆိုသူဖြစ်ကြောင်းသိရှိရပြီး နေရပ်လိပ်စာများကို တော့အတိအကျမသိသေးဘူးလို့ လူမှုကူညီရေးအဖွဲ့တွေကပြောပါတယ်။
လက်ရှိမှာ သေဆုံးသွားသူ ကိုဇော်ဇော်ရဲ့ ရုပ်အလောင်းကို အသုတ်မြို့ဆေးရုံကိုပို့ဆောင်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဧရာဝတီတိုင်းမှာ မုန်တိုင်းအရှိန်ကြောင့်မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုတွေကြောင့် တိုင်းအတွင်းမြို့နယ်အများစုမှာ သစ်ပင်လဲကျမှုတွေ၊ လူနေအိမ်၊စာသင်ကျောင်း တွေပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
#ရေကြည်မြို့နယ် #လေပြင်းတိုက် #သစ်ပင်ပိ #အမျိုးသားတစ်ဦးသေဆုံး #Ayeyarwaddy_Times