ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၃ ရက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ နယ်မြေစိုးမိုးရေးနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့အတွက် စုပေါင်းစစ်ဆေးရေးဂိတ်ကို ကောလင်းမြို့နယ်၊ ယားတောင်တိုက်နယ်အတွင်းမှာ ဇူလိုင်လ ၄ ရက်နေ့ကစတင် ဖွင့်လှစ်ခဲ့တယ် လို့ ဒေသခံတွေဆီက သိရပါတယ်။

ကောလင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့ ပူးပေါင်းပြီး စုပေါင်းစစ်ဆေးရေးမှာ နယ်မြေစိုးမိုးရေးနဲ့ မူးယစ်ဆေးဝါးရှာဖွေစစ်ဆေးရေးလုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ကောလင်း ပကဖ ထံကသိရှိရပါတယ်။

ဓာတ်ပုံ-CJ